spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြင်ဆင်ချိန်တွင်လည်း လျှပ်စစ်မီးမဖြန့်ဖြူးနိုင်

    တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြင်ဆင်ချိန်တွင်လည်း လျှပ်စစ်မီးမဖြန့်ဖြူးနိုင်

    -

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသော်လည်း မွန်ပြည်နယ် မြို့ပေါ်နှင့် ကျေးလက်ဒေသတို့တွင် လျှပ်စစ်မီးပုံမှန်ပြတ်တောက်နေဆဲဖြစ်ပြီး စာမေးပွဲအတွက် ပြင်ဆင်နေသည့် ကျောင်းသား/ ကျောင်းသူများ အခက်အခဲရှိနေကြောင်း မိဘအုပ်ထိန်းသူတို့မှ တစ်ဆင့်သိရသည်။

    ယခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် မတ်လ ၁၇ ရက်နေ့မှစ၍ ၂၂ ရက်နေ့အထိ ပိတ်ရက်မရှိ ဘာသာတွဲအလိုက် ဖြေဆိုသွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

    ပြည်ထောင်စုဝန်ကြီး တင်အောင်စန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ်နှင့် ပြင်ဆင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေးအလေးထားဆောင်ရွက်ကြရန် မတ်လ (၆) ရက်နေ့တွင်ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံဖြိုးရေး ကော်မရှင်အစည်းဝေးတွင် ပြောကြားခဲ့သည်။

    သို့သော် မြေပြင်အခြေနေတွင် တစ်ရက်လျှင် လျှပ်စစ်မီး ပုံမှန်သုံးနာရီဝန်းကျင်ခန့်သာရရှိနေပြီး အချို့ရက်တို့တွင် လျှပ်စစ်မီးလုံးဝ ပြတ်တောက်နကြောင်း သံဖြူဇရပ်မြို့ပေါ်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    “မနက်က (၂) နာရီဝန်းကျင်လောက်လာပြီးတော့မီးပျက်သွားရော။ မနက်ပိုင်း(၂) နာရီလောက် လာပြီးသွားရင် ညပိုင်းက မီးမလာတော့ဘူး။ သူတို့ကြေညာထားတဲ့ အဲ့တစ်ရက်ကပဲ ညဘက်မီးလာတယ် ” ဟု ဆိုသည်။

    စာသင်နှစ်တစ်လျှောက် လျှပ်စစ်မီးမရှိသော်လည် စာမေးပွဲကာလအတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးစေလိုသည့်အပြင် လက်ရှိတွင် စာကြည့်စားပွဲတင်မီးအိမ်အတွက် အားသွင်းချိန်မရသဖြင့် အဆင်ပြေမှုမရှိကြောင်း မုဒုံမှဒေသခံတစ်ဦးက ပြောသည်။

    “ဘာမှလုပ်မရဘူး။ ရွာဘက်မှာကျတော့မီးမလာဘူး။ တစ်ခါတစ်လေမှ ၁ နာရီဝန်းကျင်လောက်ပဲမီးရတယ်။ တစ်နေ့ ၂၄ နာရီမှာ ၁ နာရီလောက်ပဲမီးရတယ် “ ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မွန်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ရောက်ဖြေဆိုသူ ၅၇၆၇ ရှိသည့်အနက် ၃၄၀၇ ဦး အောင်မြင်ခဲ့သည်။

    စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေပွဲ ဖြေဆိုသူ ထောင်ကဏန်းသားကျန်ရှိတော့ကြောင်း ပညာရေးမှုရုံးနှင်နီးစပ်သူတို့မှတစ်ဆင့်သိရသည်။

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရိုင် (၁၀၄) ခရိုင်၊ မြို့နယ်ပေါင်း (၂၅၀) တွင် ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ (၂၂၀,၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၈၁၇) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာမှတစ်ဆင့်ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks