spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထိုင်းမှ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူ ၁၀ ဦး ထွက်ပြေးလွတ်မြောက်

    ထိုင်းမှ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူ ၁၀ ဦး ထွက်ပြေးလွတ်မြောက်

    -

    ထိုင်းနိုင်ငံတွင် အချုပ်ကျနေသူများကို မြန်မာဘက်ခြမ်း ပြန်လည်လွှဲပြောင်းရာမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ ၁၀ ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

    ထိုင်းနိုင်ငံ လူဝတ်မှုကြီးကြပ်ရေး (လဝက) က ရက်ကျော်နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲနေထိုင်ခြင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် အချုပ်စခန်းတွင်ရောက်ရှိနေသူ ၁၀၀ ခန့်ကို ရနောင်းမြို့မှတဆင့် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်။

    ထိုင်းလဝကမှ လွှဲပြောင်းပေးသူများထဲတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသား အယောက် ၅၀ ကျော်ကို စစ်ကောင်စီက စစ်သားအဖြစ် စုဆောင်းခဲ့သည်။

    “ရနောင်းမှာ မြန်မာဘက်က ထွေအုပ်ကလာခေါ်တာဗျ။ ခေါ်ပြီးတော့ သူတို့က မြန်မာဘက်က ထုတ်ထားတဲ့ ဥပဒေရှိတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူတွေ စစ်မှုထမ်းရမယ်ဆိုပြီးပြောတယ်။ အဲဒီမှာ မှတ်ပုံတင်ပါတဲ့လူတွေကလည်း မှတ်ပုံတင်ပြရတယ်။ အဲဒီတော့ လိမ်လို့လဲမရတော့ဘူးပေါ့ဗျာ” ဟု ထိုင်းနိုင်ငံမှ ပြန်ပို့ခံရပြီး စစ်သားအဖြစ် စုဆောင်းခံခဲ့ရသူ ကိုသက်နိုင်ထွေးက ပြောသည်။

    ကိုသက်နိုင်ထွေးနှင့် အခြားစုဆောင်းခံရသူ ၅၀ ဦးကျော်ကို ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တွင် ထိန်းသိမ်းထားပြီး ၇ ရက်ခန့်အကြာတွင် မြိတ်မြို့ရှိ ရွှေဒူးပညာရေးကျောင်းသို့ ရွှေ့ပြောင်းခဲ့သည်။

    မြိတ်မြို့ ရွှေဒူးပညာရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် စုစုပေါင်း လူအင်အား ၁၀၀ ခန့် ရှိနေကြောင်း ခမရ ၄၃၁ တွင် ရှိစဉ်က လက်ကိုင်ဖုန်း ကိုင်ခွင့်ရသော်လည်း မြိတ်မြို့အရောက်တွင် လက်ကိုင်ဖုန်းများကို စစ်ကောင်စီက သိမ်းဆည်းခဲ့ကြောင်းလည်း ဆိုသည်။

    ကိုသက်နိုင်ထွေးအပါအဝင် ၁၆ ဦးသည် မတ်လ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က ရွှေဒူးပညာရေးကျောင်းက ထွက်ပြေးခဲ့ပြီး ပြန်အဖမ်းခံရသူ ၆ ဦးရှိကာ ၁၀ ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

    ကိုသက်နိုင်ထွေးက “ပြေးတုန်းက ၁၆ ယောက်ဗျ။ နှစ်ဖွဲ့ကွဲသွားတာ ကျွန်တော်တို့ဘက်မှာ ၁၂ ယောက်လောက်ပါတယ်။ ၄ ယောက်က ပြန်အဖမ်းခံလိုက်ရတာဗျ။ သူတို့က ထွက်ပြေးသွားတာသိတယ်။ သေနတ်တွေ မရှိတာရော။ သူတို့အင်အားလည်းမရှိတာနဲ့ နောက်ကလိုက်မလာဘူး။ တခြားတပ်တွေက ထွက်လိုက်ပြီး ကင်းတွေပတ် လိုက်ရှာလုပ်ကြတယ်။ သူတို့က လမ်းမကြီးကိုရှာတာ ကျွန်တော်တို့က တောထဲမှာ အိပ်တော့ လွတ်သွားတာ။ အဲဒီကနေ ကျွန်တော်တို့ တနေရာပေါ့ဗျာ။ သူတို့လုံခြုံရေးအရ နာမည်မပြောတော့ဘူး။ အဲဒီမှာ နေထိုင်ရင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ဆက်သွယ်ပြီးရောက်လာတာပဲ” ဟု ပြောသည်။

    ကိုသက်နိုင်ထွေးနှင့် ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦးသည် မတ်လ ၆ ရက်နေ့က မြိတ်ပကဖထံ သွားရောက် ခိုလှုံခဲ့သည်။

    ထိုင်းဘက်က ဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကော့သောင်း-ရနောင်းနယ်စပ်မှတဆင့် စစ်ကောင်စီထံ ပြန်လည်းလွှဲပြောင်းလျက်ရှိပြီး တနင်္သာရီအခြေစိုက် Fe5 Tanintharyi အဖွဲ့၏ စာရင်းများအရ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရသူ ၂၀၀၀ ကျော်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks