spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းတွင် စားနပ်ရိက္ခာအကန့်အသန့်ဖြင့်သာ တင်ဆောင်ခွင့်ရနေ

    ရေးမြောက်ပိုင်းတွင် စားနပ်ရိက္ခာအကန့်အသန့်ဖြင့်သာ တင်ဆောင်ခွင့်ရနေ

    -

    မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း ကားလမ်းမအရှေ့ပိုင်းရှိ ရွာအချို့တွင် စစ်ကောင်စီမှ စစ်ဆေးမှု တင်းကြပ်ထားသဖြင့်  စားနပ်ရိက္ခာ အကန့်သတ်ဖြင့်သာ တင်ဆောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ သိရသည်။

    ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး ရေး-ထားဝယ် ကားလမ်းမ အရှေ့ပိုင်းရှိ ရွာသစ်၊ ရွာကလေး၊ ဝါးရဟိုင်း၊ တောင်စွန်းဒေသခံတို့  မြို့ပေါ်မှ ဆန်၊ စားသောက်ကုန်နှင့် ကုန်ခြောက်များကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့မှ အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပေးထားသည့်အပြင် သိမ်းဆည်းမှုပါ လုပ်ဆောင်နေသည်ဟု ရေးဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

    ပုံ – ရေးမြောက်ပိုင်းမှ ကျေးရွာချင်းဆက် လမ်းပိုင်းတစ်နေရာ

    ” ကန့်သတ်လိုက်တာ မကြာသေးဘူး၊ ဆန်ဆို အများဆုံး (၈) ပြည်ပဲ ပေးသယ်တယ်၊ အိတ်နဲ့မပေးသယ်ဘူး၊ ဈေးရောင်းတဲ့သူတွေတောင် သူတို့မပေးသယ်ဘူး၊ ကုန်ခြောက်ကအစပေါ့၊ သယ်ချင်ရင် လမ်းလွှဲပြီး သယ်နေရတယ်၊ အများကြီးသယ်သွားရင် သူတို့သိမ်းလိုက်တယ် ဘဲဥကအစပေါ့ လိုက်‌သိမ်းနေတာ အဓိကကသူတို့ တော်လှန်ရေးကို ထောက်ပံ့ပေးနေမှာ စိုးလို့ပေါ့ “ဟု ဒေသခံက ဆိုသည်။

    ယခင်က တိုက်ပွဲနှင့်ပဋိပက္ခပွားရာ ဒေသတွင်သာ လမ်းပိုင်းပိတ်ဆို့မှုနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခံရသော်လည်း လက်ရှိတွင် စားနပ်ရိက္ခာဖြတ်တောက်မှုကို စိတ်ကြိုက်လုပ်ဆောင်နေသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရင်ဆိုင်နေရကြောင်း ဆက်ပြောသည်။

    ထို့အပြင် တောင်စွန်း‌- ရွာသစ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ လှည့်လည်သွားလာနေသဖြင့် ရော်ဘာခြံ၊ ဥယျာဉ်ခြံလုပ်သားများ အခက်အခဲကြုံတွေ့နေရသည်။

    အဆိုပါလမ်းပိုင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ အင်အားအများအပြားဖြင့် စစ်ကြောင်းများ ဝင်ရောက်လာနေသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    “အခုက ဒေသခံအများစုက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်၊ စစ်တပ်ဘက်လဲ စစ်ဆေးမှုတွေ လုပ်တယ်၊အသွားအလာတွေကန့်သတ်ပြီး တော်လှန်ရေးဘက်ကလဲ လှုပ်ရှားနေကြတယ်၊ အဲ့ကြောင့်မလို့ စိတ်ပူနေကြတယ် ရွာသူရွာသားတွေလဲ အရေးမကြီးရင် မသွားလာကြဘူး “ဟု အမျိူးသမီးတစ်ဦးက ပြောသည်။

     ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း တောင်စွန်းကျေးရွာအတွင်းသို့  ခမရ ၃၄၃ တပ်ရင်းမှ အင်အား ၇၀ ဝန်းကျင်ခန့် ရွာအတွင်းသို့ဝင်ရောက်လာပြီး အာယုတောင်ရွာထိပ်ရှိ ဝါးကျောင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် ရေးဘီလူးအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    ထို့အတူ ကွန်ဒူးကျေးရွာရှိ အများပြည်သူများ ဖြတ်သန်းသွားလာသောလမ်းကို ပိတ်ဆို့၍ ကင်းပုန်းချထားသော စစ်ကောင်စီဂိတ်ကို ရေးဘီးလူးအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks