spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရပ်ဆိုင်းထားသည့် (OWIC) ကတ် ပြန်လည်ထုတ်ပေး

    ရပ်ဆိုင်းထားသည့် (OWIC) ကတ် ပြန်လည်ထုတ်ပေး

    -

    စစ်ကောင်စီမှ ရပ်ဆိုင်းထားသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် (OWIC) ပြုလုပ်ခြင်းကို မတ်လ ၂၀ ရက်နေ့မှ စ၍ ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်းကြီးဌာနမှ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

     ဖေဖော်ဝါရီ ဒုတိယအပတ်မှစပြီး OWIC ကတ် ထုတ်ပေးမှုကို အကြောင်းပြချက်မရှိ ရပ်နားလိုက်သဖြင့် ပြည်ပရှိလုပ်ငန်းခွင်သို့ သွားရောက်နိုင်ခြင်း မရှိတော့ဘဲ ပြည်ပထွက်မည့် အလုပ်သမားများနှင့် အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတို့ နစ်နာဆုံးရှုံးမှုများရှိခဲ့သည်ဟု သိရသည်။

    ထုတ်ပြန်ချက်အရ OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းများဖြစ်သည့် စာရင်းစိစစ်ခြင်း၊ စက်အတွင်းရှိ Software ပြုပြင်ခြင်း၊ စင်တာများပေါင်းစည်းခြင်းနှင့် အလုပ်ရှင်/ အလုပ်သမားစာချုပ် ချုပ်ဆိုမှုများကို  အစည်းဝေးတစ်နေရာတည်း ပြုလုပ်ခြင်း စသည့် ပြင်ဆင်ဆောင်ရွက်မှုများကြောင့်  ခေတ္တရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

    ထို့ကြောင့် OWIC ကတ်အသစ် လုပ်ဆောင်လိုသူတို့ လာမည့် မတ်လ ၂၀ ရက်နေ့မှစ၍ အလုပ်ခေါ်စာများအရ ပြည်ပသို့ အလုပ်သွားရောက်ရန် ခွင့်ပြုချက်ရရှိပြီးသူများ၊ မိမိအစီအစဉ်အရ သွားရောက်မည့် အလုပ်သမားများကိုစိစစ်ပြီး ပြန်လည်ထုတ်ပေးမည်ဟု အလုပ်သမားဝန်းကြီးဌာနမှ အသိပေးထားသည်။

    OWIC ကတ်သည် နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်မည့် သူတို့အတွင် မရှိမဖြစ်လိုအပ်လာသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းနှင့် ရွေးကောက်ပွဲ အချက်အလက် စုဆောင်းမှုအတွက် မဖြစ်စေရေး သတိရှိရန်လိုအပ်ကြောင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မွန်လူငယ် ယ်တစ်ဦးက ပြောသည်။

    “ စကစရဲ့မှုဝါဒတွေက ခန်းမှန်းဖို့ ခက်တယ်။ တွေ့ရတာတစ်ခုကတော့ သူတို့ရဲ့ စစ်မှုထမ်းစာရင်း အလုပ်တွေကို ခိုင်မာအောင်လုပ်နေတာ ၊သူတို့စစ်ဆေးရလွယ်ဖို့ ပြန်ခေါ်လို့ လွယ်ဖို့၊ သူတို့ရဲ့ လက်အောက်မှာ အကုန်ရှိနေတာပေါ့နော်။ သူတို့ရဲ့ ရွေးကောက်ပွဲ၊ ကြိုတင်မဲတွေအတွက် ဖြစ်နိုင်တယ်။ အဓိကက အသက် ၁၈နှစ်နဲ့ ၃၅နှစ် ကြာမှာရှိတဲ့ သူတွေက ပိုဂရုစိုက်ရတယ်”ဟု ဆိုသည်။

    ထို့အပြင် အဆိုပါ အလုပ်သမားသက်သေခံ ကတ်ပြုလုပ်ပြီးမှသာ လေယာဉ်လက်မှတ် ဝယ်ယူရန်တိုက်တွန်းထားခြင်းသည်လည်း ပြည်ပထွက် အလုပ်လုပ်ကိုင်သူတို့ အဆိုပါကတ်ကို မဖြစ်မနေ လုပ်ဆောင်ရန် ပြောဆိုထားသည့် သဘောဖြစ်ကြောင်း ဆက်ပြောသည်။

    ပြည်ပသို့ အလုပ်သွားလုပ်လိုသည့်အလုပ်သမားများသည် ဝန်ကြီးဌာနထံသို့ ခွင့်ပြုချက် လျှောက်ထားပြီးမှသာ ထွက်ခွာခွင့်ရှိခြင်း၊ လျှောက်ထားခြင်းပြုလုပ်ရာတွင်လည်း အွန်လိုင်းမှတဆင့်သာ တင်ပြရန် လိုအပ်ပြီး လူကိုယ်တိုင်လာရောက်ခြင်း မဖြစ်စေရန် သတ်မှတ်ထားသည်ဟု သိရသည်။

    လျှောက်လွှာတွင် နိုင်ငံကူးလက်မှတ် မိတ္တူ(ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းစာမျက်နှာ)၊ ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူနှင့် ခွင့်ပြန်အလုပ်သမားများအတွက် သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့် ပါမစ်မိတ္တူနှင့် အလုပ်ရှင်ထံမှ ခွင့်ပြုချက်စာများပါဝင်ရပြီး ရုံးပိတ်ရက်မပါဝင်ပဲ အနည်းဆုံး ၅ ရက်ကြိုတင်၍ လျှောက်ထားရန်လိုသည်ဟု အသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks