spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမုဒုံဒေသခံအမျိုးသား(၂) ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ဆို

    မုဒုံဒေသခံအမျိုးသား(၂) ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ဆို

    -

    မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့နှင့် ကော့ခပီထော ဒေသခံအမျိုးသား(၂) ဦးကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    ကလော့သော့ ကျေးရွာအဝင်လမ်းဝ ကျေးလက်ကျန်းမာရေးဌာနရှေ့တွင် အသက်(၂၅) နှစ်အရွယ် ကလော့သော့ကျေးရွာရပ်ကွက်(၁) နေ မွန်ထိုင်းနှင့် ကော့ခပီထောကျေးရွာနေ အာဂလန်တို့ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရသူတို့သည် ခိုးဆိုးလုယက်မှုကြောင့် မကြာခဏ အရေးယူခံနေရပြီး ထိုအခြေအနေကြောင့်လည်း ညဘက်လှည့်လည်သွားလာနေစဉ် ရွာထိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့တို့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

    “ အနီးနားတစ်ဝိုက်မှာ ကင်းပုန်းဝပ်စောင့်နေတာမျိုးတော့မရှိဘူး၊ ဒါပေမဲ့ ပြည်သူ့စစ်အဖွဲ့တွေက လှည့်လည်နေတာတွေရှိတယ်၊ ဘယ်သူမှတော့ သေချာမသိဘူးပေါ့နော် ရွာအပြင်မှာဖြစ်နေတော့၊ အတိအကျလဲမပြောရဲကြဘူး ” ဟုဆိုသည်။

    ထိုနေ့မနက်ပိုင်းတွင် သေနတ်သံ(၆) ချက်ကြားခဲ့ရကြောင်နှင့် သေဆုံးမှုဖြစ်စဉ်နေရာအနီးတစ်ဝိုက်တွင် AK-47 ကျည်ခွံ (၆) ခုကိုတွေ့ရှိထားကြောင်းလည်း ဆက်ပြောသည်။

    သေဆုံးသူ (၂) ဦး၏ ရုပ်လောင်းများကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ထားပြီး ၎င်းအမျိုးသား ၂ ဦးတွင် လူငယ်အချင်းချင်းကြား ရန်ညှိုးရန်စရှိခဲ့ဖူးကြောင်းလည်း ၄င်းဒေသခံက ဆက်ပြောသည်။

    ပစ်ခတ်ခံရမှုနဲ့ ပတ်သတ်၍ ဒေသခံတို့ကြား အမျိုးမျိုး ပြောဆိုလျှက်ရှိပြီး IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ပစ်ခတ်ခံရသူနှစ်ဦးမှာ ကလော့သော့နှင့် အနီးတစ်ဝိုက်ရှိ ရွာတို့တွင် ဆိုင်ကယ်၊ဖုန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းတို့ကို ခိုးယူနေသဖြင့် လတ်တလော မုဒုံမြို့နယ်အတွင်းရှိ ရဲစခန်းတို့တွင် တိုင်ချက်ဖွင့်ခံထားရဆဲဖြစ်သည်။

    စစ်တပ်ထောက်ခံ တယ်လီဂရမ်ချာနယ်မှ လူငယ်အမျိုးသားနှစ်ဦး AK-47 ကျည်အခွံနှင့်အတူ ကလေ့ာသော့ရွာတွင် သေဆုံးနေခဲ့ကြောင်း ရေးသားဖော်ပြထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks