spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသမီးများနေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် မွန်အမျိုးသမီးအဖွဲ့အစည်းတို့ရှိရာဒေသတို့တွင် အခမ်းအနားကျင်းပသွားမည်

    မွန်အမျိုးသမီးများနေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် မွန်အမျိုးသမီးအဖွဲ့အစည်းတို့ရှိရာဒေသတို့တွင် အခမ်းအနားကျင်းပသွားမည်

    -

    ယခုနှစ် ၂၁ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ ဘုရားသုံးဆူဒေသနှင့် သထုံခရိုင်အပြင် မွန်အမျိုးသမီးအဖွဲ့အစည်းတို့ တည်ရှိရာဒေသအသီးသီးတွင်လည်း ကျင်းပသွားရန်ရှိသည်ဟု သိရသည်။

    လာမည့် တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ကျရောက်မည့် (၂၁) ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ အခမ်းနားကျင်းပနိုင်ရေးအတွက် စတင်ပြင်ဆင်နေပြီးဖြစ်သော်လည်း အထူးအစီအစဉ်မပါရှိဘဲ တစ်နိုင်တစ်ပိုင်သာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    မွန်အမျိုသမီး ဗဟိုအဖွဲ့ဝင်တစ်ဦးက “ ဘုရားသုံးဆူဒေသ မြို့နယ်ရုံးမှာ လုပ်ဖို့ရှိပါတယ်၊ မြို့နယ်ဥက္ကဌတွေ မွန်အမျိုးသမီးအဖွဲ့အစည်းက နာယကတွေ ပါဝင်မယ်၊ ဒီနှစ် အတွက် အထူးအစီအစဉ်တော့ မရှိဘူး၊ ပြည်တွင်းတွေမှာတော့ တက်နိုင်တဲ့နေရာမှာလုပ်တာလည်းရှိပါတယ်၊ သထုံခရိုင်ဘက်မှာတော့လုပ်မယ်လို့ကြားရတယ် ” ဟု ပြောသည်။

    နယ်စပ်ဒေသရှိ မွန်အမျိုးသမီးများအပါအဝင် အမျိုးသမီးထုတစ်ရပ်လုံး ထုတ်ဖော်ပြောဆိုပိုင်ခွင့်နှင့် ဦးဆောင်ပါဝင်ခွင့်ရှိသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်နှင့် အသိအမှတ်ပြုထားသည့် မွန်အမျိုးသမီးများနေ့ရှိနေကြောင်းကို သိရှိစေရန် ၂၀၁၈- ၂၀၁၉ ခုနှစ်မှစပြီး မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်ကို ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    လတ်တလော ပြည်တွင်းအပြင် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းရှိ မွန်ဒေသခံအမျိုးသမီးတို့ ကြုံတွေ့နေရသည့် အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတို့ကိုလည်း တာဝန်ရှိသူများ ထိထိရောက်ရောက် အရေးယူမှု အားနည်းနေကြောင်းလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသမှ မွန်အမျိုးသမီးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “တာဝန်ရှိသူအဆင့်ဆင့်အောက်မှာကျမတို့က အမိန့်နာခံနေရတာတွေရှိတယ်ဆိုတော့လေ၊ တာဝန်ရှိသူတွေက ပြတ်ပြတ်သားသား တရားစီရင်တာတွေမလုပ်နိုင်တဲ့အခါကျတော့ အခြေအနေတစ်ခုခုဖြစ်လာရင် ကျမတို့အခက်ကြုံရတာတွေရှိတယ် ” ဟု ၎င်းက ဆက်ပြောသည်။

    ထို့ကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရသည့်ကိစ္စတို့တွင် ထုတ်ဖော်ပြောဆိုမှုမပြုတော့ဘဲ နှုတ်ဆိတ်နေသည့် အခြေအနေတို့များလာကြောင်း သိရသည်။

    မွန်ဘုရင်မ ရှင်စောပု မွေးနေ့ဖြစ်သည့် တပေါင်းလဆန်း ၁၂ ရက်ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြသည်။

    စစ်အာဏာမသိမ်းခင်တွင် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ညီညွတ်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွင်သာမက မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး အစရှိသည့် မြို့နယ် ကျေးရွာ တို့တွင် မွန်အမျိုးသမီးအဖွဲ့အစည်းများနှင့် မွန်လူမှုအဖွဲ့အစည်းတို့ဦးဆောင်ကာ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

    See insights

    Create Ad

    All reactions:

    363363

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks