spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်ထားသည့် ခြောက်ရက်မြောက်နေ့တွင် ဒေသခံတို့၏ စကားသံ

    ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်ထားသည့် ခြောက်ရက်မြောက်နေ့တွင် ဒေသခံတို့၏ စကားသံ

    -

    ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းနောက်ဆက်တွဲပြဿာနာကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံဘက်မှ လျှပ်စီးမီးစတင်ဖြတ်တောက်လိုက်ပြီး ယနေ့တွင် ခြောက်ရက်မြောက် ရှိလာပြီးဖြစ်သည်။

    ဘုရာသုံးဆူအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နှစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း နှစ်နေရာတို့တွင်လည်း ထိုင်းဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း သိရသည်။

    သို့သော် ယနေ့အထိ တရုတ်နိုင်ငံသားတို့ ထွက်ခွာလျှော့နည်းသွားခြင်းမရှိဘဲ ဒေသခံတို့၏ နေ့စဉ်လူမှုဘဝ ပိုမိုခက်ခဲလာနေကြောင်း မြို့ခံတို့ကဆိုသည်။

    လျှပ်စစ်မီး၊ အင်တာနက်နှင့် လျှပ်စစ်သုံးပစ္စည်းနှင့် စက်သုံးဖြတ်တောက်ခံရသည့် ရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့ပေါ်ရှိရေသန့်စက်ရုံအပါအဝင် တစ်နိုင်တစ်ပိုင်လုပ်ငန်းတို့ ရပ်နားထားရပြီး ဓါတ်ဆီတစ်လီ ဘတ် ၆၀ ကျော်အထိဈေးရှိလာပြီး ရေရှည်ဖြတ်တောက်ခြင်းမပြုရန် ပြောဆိုထားသည့် ဘုရားဒသခံတို့၏အသံကို စုစည်းထားသည်။

    ဘုရားသုံးဆူမြို့ခံဘုရားသုံးဆူမြို့ခံ

    “အခုအခြေအနေက ရေသန့်စက်ရုံတွေလည်း အကုန်ပိတ်လိုက်ကုန်ပြီး။ သောက်ရေရော၊ ချိုးရေရော အခက်အခဲဖြစ်နေတယ်။ အဓိကက ရေပေါ့နော် အခက်အခဲရှိနေတာ။ အဆင်မပြေတာတွေက မျိုးစုံပါပဲ။ ပြည်သူတွေက ၂၄ နာရီမီးနဲ့နေခဲ့ရတော့ ထမင်းချက်တာကအစ အကုန်လုံးက လျှပ်စစ်မီးနဲ့ပဲလေ၊ မီးစပြတ်တာနဲ့ ထင်းတို့ မီးသွေးတို့ ရှာဝယ်ဖို့ တစ်ရက်တစ်ရက်ရှုပ်နေကြတာ၊ ထမင်းအိုးကအစဝယ်ရတယ်။ ထမင်းချက်ဖို့ မီးသွေးနဲ့၊ ထင်းတွေနဲ့ ချက်လို့ရတယ်။ ရေမရှိရင်တော့ ဘာမှလုပ်လို့မရဘူး။ အခုက ရေရဖို့ကရင် ဘုန်းကြီး ကျောင်းက ရေတွင်းမှာသွားခပ်နေရတယ်။ ရေသန့်စက်ရုံတွေက မီးမလာတော့ ဘာမှလုပ်လို့မရတော့ ပိတ်လိုက်ကြတယ်။ သူတို့ပိတ်လိုက်ကြတော့ ရေရဖို့လည်း ခက်ခဲသွားတယ်။ ပြီးတော့ မီးပြန်ရမှပဲ စက်ရုံတွေ ပြန်ဖွင့်ကြမယ်လို့ ထုတ်ပြန်ထားပဲ”

    ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းနောက်ဆက်တွဲပြဿာနာကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံဘက်မှ လျှပ်စီးမီးစတင်ဖြတ်တောက်လိုက်ပြီး ယနေ့တွင် ခြောက်ရက်မြောက် ရှိလာပြီးဖြစ်သည်။

    “ကျောင်းမှာ ကျောင်းသားကျောင်းသူတွေ ၁၅၀ ကျော်လောက်ရှိတယ်။ ကျောင်းရဲ့အဆောင်မှာနေနေတာ ဆရာမအပါဝင် ၄၀ ကျော်လောက်ရှိတယ်၊ အခြားရွာက ကျောင်းသားတွေလည်း အများကြီးရှိနေတယ်။ ငါတို့ကျောင်းက အဝီစိတွင်းကနေပဲ ရေစုပ်ယူနေတယ်။ လောလောဆယ်တော့ ကျောင်းဆောင်အတွက် ရေတစ်ကန်လောက်ရထားတယ်၊ အဲဒါကိုပဲ စကေးနဲ့သုံးနေရတယ်။ အဆောင်မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ ရေချိုးဖို့အတွက်ကလည်း ရေတွင်းမှာ သွားချိုးရတယ်။ ရေတွင်းကလည်း ဝေးနေတော့ စိတ်ပူရတယ်။ ပြီးတော့ အခုက ၁၇ ရက်နေ့ဆိုရင် သူတို့တွေ စာမေးပွဲ ဖြေဆိုရမယ်။ သူတို့က ဖယောင်းတိုင်နဲ့ စာကျက်နေရတယ်။ စာမေးပွဲဖြေဖို့အတွက် မေးခွန်းစာရွတ်တွေ ထုတ်ဖို့က မီးမလာတော့ ဘာမှ ထုတ်လို့ မရဘူး။ ကျောင်းမှာရှိတဲ့ အလုပ်တွေလည်း အဲလိုပဲ အခက်ဖြစ်တယ်။ နေရောင်ခြည်ကလည်း တစ်ကျောင်းလုံးမှာ တစ်လုံးပဲရှိနေတော့ သုံးမလောက်ဘူး သေးသေးပဲဆိုတော့၊ အခုက ဘယ်လိုဆက်လုပ်ရမလဲကိုတော့ စီစဉ်နေတယ်”

    ဘုရားသုံးဆူ အနီးတစ်ဝိုက်ရွာမှ ဒေသခံ

    “ဆီလည်းစပြတ်နေပြီး။ ဒီမနက်မှာဆို ဘယ်ဆိုင်မှာမှ ရှာဝယ်လို့မရတော့ဘူး။ 92 ရော 95 ရော ဒီဇယ်ရော အကုန်ပဲ။ ဟိုထိုင်းဘက် ခြမ်းမှာက ဆီတွေကရှိနေတာပဲ။ ဆီအများကြီးသုံးရတဲ့ စီးပွားရေးသမားတွေက ပြဿနာရှိတာပေါ့လေ။ ဆီနည်းနည်းပါးပါးပဲသုံးရတဲ့ Taxi သမားတွေ အိမ်စီးဆိုင်ကယ်သမားတွေတော့ ထိုင်းဘက်ခြမ်းမှာ ၁ လီတာ ၂ လီတာ သွားဝယ်လို့ရနေသေးတယ်။ ဒီသုံးဆူအောက်ဘက်မှာပဲ မရှိတာ။ ဆီဈေးတွေဆိုလည်း ဘတ် ၃၀ ကနေ ၆၀ အထိ ၂ ဆလောက် မြင့် တက်သွားတာ။ ဒါမဲ့ စီးပွားရေး သမားတွေကတော့ ဒီထိုင်းဘက်က ဆီတွေမရရင် မြန်မာဘက်ကဆီတွေသွင်းပြီး တစ်ခုမဟုတ်တစ်ခု လုပ်မယ်ထင်တာပဲ။ တကယ်လို့ စက်သုံးဆီတွေပါ ဖြတ်မယ်ဆိုရင် မကြာဘူး ကားသမားတွေရော ဆိုင်ကယ်သမားတွေ အခက်အခဲရှိလာနိုင်တယ်။ “

    ဂျပန်ရေတွင်း ဒေသခံ

    ” တစ်မြို့လုံးမှောင်မဲနေတာပဲ။ ဒါပေမဲ့ တရုတ်တွေရှိတဲ့နေရာမှာတော့ မီးစက်ရှိနေတော့ သူတို့မခက်ခဲဘူးပေါ့။ အခက်အခဲရှိတာက ပြည်သူတွေပါပဲ။ မီးမရှိတာနဲ့ ရေကအခက်အခဲဖြစ်လာတာပဲ။ အဝီစိရေတွင်းပိုင်ရှင်တွေကလည်း ရေတင်လို့မရဘူး။ ရောရှာဝယ်ဖို့ကလည်း ရှာဝယ်လို့မရဘူး။ မီးက ဖြတ်တာနဲ့တစ်ခါတည်းဖြတ်လိုက်တာဆိုတော့ Solar တွေလည်း ဘယ်သူမှမဝယ်စုထားမိဘူး။ ဒါမဲ့ ဂျပန်ရေတွင်းအပေါ်ဘက်ခြမ်းက ထိုင်းမီးတိုက်ရိုက်ရတဲ့ အသိအိမ် သုံးလေးလုံးလောက်ရှိတယ်။ အဲ့ဒီမှာ ဖုန်းအားတို့ ဓာတ်မီးတို့ ဘာတို့ သွားသွင်းနေရတာပေါ့လေ။ ဒီရွာမှာက Solar ထည့်ထားတဲ့အိမ်ကလည်း ၅ အိမ်ထက်မပိုပါဘူး။ ဆီဈေးကလည်း တက်သထက်တက်နေတယ်”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks