spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့ခံများ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေရ 

    မြဝတီမြို့ခံများ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေရ 

    -

    ထိုင်းနိုင်ငံမှ မြဝတီမြို့သို့ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းပြီးနောက် မြို့ပေါ်တွင် စက်သုံးဆီလုံးဝပြတ်တောက်သွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။ 

    ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက မြန်မာနယ်စပ်သို့ လျှပ်စစ်မီးနှင့် စက်သုံးဆီရောင်းချမှုကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ 

    လက်ရှိတွင် မြဝတီမြို့ပေါ်၌ စက်သုံးဆီကို အကန့်အသတ်နှင့်ရောင်းချနေပြီး ကားတစ်စီးလျှင် သုံးသောင်းကျပ်ဖိုးသာ ရောင်းချပေးနေကြောင်းဘသိရသည်။ 

    မြဝတီမြို့ခံတစ်ဦးက ” ဒီမှာ (မြဝတီ)က တန်းစီပြီးဝယ်ရတယ်ဗျ။မဲဆောက်ဘက်ကိုသွားတာကလည်း ကားတိုင်းသွားလို့မရဘူး။တချို့ ဟိုဘက်ကူးလို့ရအောင်လုပ်ထားတဲ့ကားတွေပဲ သူတို့ကိုလဲ ထည့်ပဲထည့်ပေးတယ်။ သယ်လို့မရဘူး။အဲ့တော့ မောင်းပြီးပြန် ဒီဘက်မှာထုတ်ပေါ့အဲ့လိုတော့လုပ်လို့ရမှာပေါ့။ အခုကဆီတင်သွင်းတာပိတ်လိုက်တော့ မြို့ပေါ်ကတချို့ဆိုင်တွေပိတ်လိုက်ပြီ။ တချို့ဆိုင်ကြီးတွေကတော့ အချိန်နဲ့အကန့်အသတ်ရောင်းပေးနေတုန်းပဲ။ဒီနေ့လက်ကျန်ဖြတ်တာလားတော့မသိဘူးဗျ။ဒါပြီးရင် ဘယ်ကရမလဲဆိုတာလည်း ကျွန်တော်တို့မသိပါဘူး”ဟု ပြောပြသည်။ 

    စက်သုံးဆီတင်သွင်းမှု မဖြတ်တောက်ခံရခင်က မြဝတီမြို့ပေါ်တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၉၀၀ ဝန်းကျင်ရှိခဲ့ပြီး ယမန်နေ့တွင် ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သေးကြောင်း သိရသည်။ 

    သို့ရာတွင် ယနေ့နံနက်ပိုင်း၌ အကန့်အသတ်ဖြင့် ဝယ်ယူရနိုင်သလို ပုံမှန်စျေးဖြင့်ပြန်ရကြောင်း ဒေသခံအချို့က ပြောပြသည်။ 

    စက်သုံးဆီပြတ်တောက်သွားပါက လူမှုကယ်ဆယ်ရေးအသင်းများ ထိခိုက်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။ 

    အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ ဦးဇော်ဦးက ”ကျွန်တော်တို့အခုထိတော့ ဆီက ဝယ်လို့ရသေးတယ်လေ။အပြည့်ထည့်ပေးသေးတယ်။ အခုထိတော့အဆင်ပြေသေးတယ်။ တကယ်လို့ဆီလုံးဝပြတ်သွားလို့မရှိတော့ရင် ကျွန်တော်တို့လည်း နားရမှာပါ”ဟု ပြောသည်။ 

    ထိုင်းအစိုးရ၏ ကျားဖြန့်လုပ်ငန်းများအပေါ် ဖြတ်တောက်မှုမှာ အရပ်သားပြည်သူများအပေါ်တွင်သာ သက်ရောက်မှုပိုကြီးနေဟု ဒေသခံများက ပြောကြသည်။ 

    လက်ရှိတွင် ထိုင်းအစိုးရ၏ လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာများအပါအဝင် ပြည်သူ့ဆေးရုံကြီးတွင်ပါ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks