spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတစ်လအတွင်း ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၈၆ ဦးရှိပြီး၊ သတ်ဖြတ်ခံရသူ ၈ ဦးအထိရှိ

    တစ်လအတွင်း ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၈၆ ဦးရှိပြီး၊ သတ်ဖြတ်ခံရသူ ၈ ဦးအထိရှိ

    -

    မွန်ပြည်နယ်တွင် ဇန်နဝါရီအတွင်း အရပ်သားပြည်သူ ၈၆ ဦးဖမ်းဆီးခံရပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးနှင့် သတ်ဖြတ်ခံရသူ ၈ ဦး အထိရှိသည်ဟု လဂွန်းအိမ်စာစဉ်မှ ယမန်နေ့(ဖေဖော်ဝါရီ ၆ )ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာဖော်ပြချက်အရ သိရသည်။၏

    ၂၀၂၅ နှစ်ဆန်းပိုင်းမှာပင် မွန်ပြည်တစ်လွှား ဖမ်းဆီးခံရမှုနှင့် အတင်းအဓမ္မ စစ်သားအဖြစ်စုဆောင်းခံရမှုဖြစ်စဉ်များ သိသိသာသာမြင့်မားလာနေပြီး ဖမ်းဆီးခံရသူ ၈၆ ဦးအနက် စစ်မှုထမ်းရန် အတင်းအဓမ္မပြန်ဘေးဆွဲ ဖမ်းဆီးခံရသူ ၂၄ ဦးကျော်အထိရှိနေကြောင်း ဖော်ပြထားသည်။

    လက်နက်ကိုင်တိုက်ပွဲအားကောင်းနေသည့် ရေးမြို့နယ်၊ သထုံမြို့နယ်၊ ဘီလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့်မြေမြှပ်မိုင်းဒဏ်ကြောင့် သေဆုံးသူ ၈ ဦးရှိပြီး အမျိုးသမီး ၂ ဦးလည်း ပါဝင်နေကြောင်း သိရသည်။

    အရပ်သားတို့အပေါ် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုပြင်းထန်စွာ ဆက်လက်ကျူးလွန်နေပြီး အထူးသဖြင့် အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မတရားသတ်ဖြတ်မှုများ၊ မြေမြုပ်မိုင်းနှင့် စစ်မှုထမ်းစေရန် အတင်းအဓ္ဓမ ဖမ်းဆီးမှုတို့ကြောင့် ပြည်သူတို့ သတိရှိရန်ပိုမိုလိုအပ်လာကြောင်း လဂွန်းအိမ်စာစဉ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ ဖမ်းဆီးခံရမှုက ဒီ ၂၀၂၅ နှစ်စမှာ ပိုမိုပြင်းထန်းတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်က အရပ်သားတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးတွေ၊ တိုက်ပွဲထဲမှာ အပြစ်မရှိဘဲ ပြည်သူတွေ ဖမ်းခံနေရတာတွေ ပိုမိုပြင်ထန်းလာနေတယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ၎င်းက ဆက်ဆိုသည်။

    ထို့အပြင် မြို့နယ်(၁၀)မြို့နယ်အနက် ရေးမြို့နယ်သည် ဇန်နဝါရီလအတွင်း လက်နက်ကိုင်တိုက်ပွဲ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ရေးပိုမိုပြင်းထန်လာမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများလည်း ပိုမိုဆိုးရွားလာသည်။

    ရေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ရာနယ်မြေတိုင်းတွင် တော်လှန်ရေး၏အသက်သွေးကြောကျောထောက်နောက်ခံဖြစ်သည့် ပြည်သူတို့ကို အဓိကပစ်မှတ်ထားပြီး ဖြတ်လေးဖြတ်စနစ်ကိုစစ်ကောင်စီဘက် လုပ်ဆောင်နေကြောင်းလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာနိုင်အဲမွန်ကပြောသည်။

    “ တော်လှန်ရေးရဲ့အသက်သွေးကြောက ပြည်သူလူထုရဲ့ကျောထောက်နောက်ခံ ထောက်ပံ့မှုဖြစ်တာ စကစ က ခေတ်အဆက်သိခဲ့တယ် ဗမာစစ်တပ်က ဒီ tactics ကို သုံးလာခဲ့တာ အခု စကစအထိပဲ ပြည်သူတွေ အမြဲထိတယ် အသက် သို့မဟုတ် အိုးအိမ်စည်းစိမ် သို့မဟုတ် ဘဝတွေ အဆက်ဆက်ထိခဲ့တယ် အခုဆို ပိုများလာတာပေါ့ ဒီတခေါက်တော်လှန်ရေးမှာ ပြည်သူတွေ ပိုထိတယ် တောရော မြို့ပါထိကြတယ် ပမဏများတယ် လူမျိုးပိုစုံလာတယ် ပိုပြီးတော့လည်း ချိုးဖောက်မှုက ကျယ်ပြန့်လာတယ် စနစ်တကျဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

    ကျုံလောင်းကျေးရွာအနီး တိုက်ပွဲကြောင့် ရေးချောင်းဖျားဒေသခံတို့ ဇန်နဝါရီ ၉ ရက်နေ့မှစ၍ သွားလာခွင့်၊ ရိက္ခာ သယ်ဆောင်ခွင့်တို့ကို ကန့်သတ်ခံထားရပြီး လက်ရှိပြန်လည်ဖွင့်လှစ်ပေးနေသော်လည်း ဒေသခံတို့ အသွားအလာမလုပ်ဆောင်ရဲသေးပေ။

    လဂွန်းအိမ်စာစဉ်အချက်အလက်အရ စစ်အဏာသိမ်းမှု (၄)နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝှမ်း ဖမ်းဆီးခံရသူ (၂၈၄၅၉)ဦးကျော်နှင့် သတ်ဖြတ်ခံရသူ (၆၂၄၄) ဦးကျော်ရှိသည့်အနက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဖမ်းဆီးခံသူ (၁၃၅၁)ဦးကျော်၊ ထိခိုက်ဒဏ်ရာရသူ (၄၆၀)ဦးကျော်နှင့် သတ်ဖြတ်ခံရသူ (၂၅၆)ဦးကျော်အထိရှိကြောင်း လဂွန်းအိမ်စာစဉ်၏ ဒေတာအချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks