spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘီးလင်း မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါ ၄၀ ဦးထက်မနည်းသေဆုံး

    ဘီးလင်း မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါ ၄၀ ဦးထက်မနည်းသေဆုံး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ခမရ-၄၀၅ တပ်ရင်းမှ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၂၇ စစ်ဗျူဟာက ထုတ်ပြန်သည်။

    စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ရှိသည့် မဲပလီဗျူဟာစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ပထမအပတ်ကတည်းက ဝိုင်းရံတိုက်ခိုက်ခဲ့ရာမှ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ-၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတကလှမျိုးနိုင်၊ တပ်သားအာကာ၊ တပ်သားကျော်မြင့်၊ တပ်ကြပ်ကိုသက်၊ ဒုတပ်ကြပ်ကျော်ကျော်၊ တပ်သားသန်းစိုးအောင်၊ တပ်သားစောအယ်ဒိုထူး၊ တပ်သားဇော်ပိုင်၊ တပ်သားကျော်မင်းဦး၊ တပ်ကြပ်သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊ တပ်ကြပ်ကြီးကျော်ခိုင်အပါအဝင် ၄၀ ဦးခန့် သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

    ၎င်းပြင် မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများ၊ ကျည်များနှင့် ဆက်စပ်ပစ္စည်းများလည်း တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းဆည်းရမိခဲ့သည်။

    မဲပလီ ဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈) မှ ဒုဗိုလ်မှူးကြီး တင့်လွင်ဦး၊ ခမရ-၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးအပါအဝင် ၂၀ ဦးခန့်က စခန်းစွန့် ခွာထွက်ပြေးသွားခဲ့သည်။

    တိုက်ပွဲအတွင်း စကခ(၈) မှ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီရမိပြီး ကောင်မွန်စွာ စောင့်ရှောက်ထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၂၇ စစ်ဗျူဟာက ဆိုသည်။

    စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသည့် မဲပလီဗျူဟာမှူးနှင့် အဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က လိုက်လံချေမှုန်းလျှက်ရှိသည်။

    မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၇) စစ်ဗျူဟာ တပ်ရင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့၊ LDF၊ ပကဖ(ဘီးလင်း)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တစ်လအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks