spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်လမ်းမကြီးတစ်လျှောက် စစ်ကောင်စီအဖွဲ့တို့အင်းအာတိုးချဲ့ပြီး တပ်စွဲနေထိုင်မှုများလာ

    ရေး-သံဖြူဇရပ်လမ်းမကြီးတစ်လျှောက် စစ်ကောင်စီအဖွဲ့တို့အင်းအာတိုးချဲ့ပြီး တပ်စွဲနေထိုင်မှုများလာ

    -

    မွန်ပြည်နယ် ရေး-သံဖြူဇရပ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီအဖွဲတို့ အင်အားတိုးချဲ့ကာ တပ်စွဲနေထိုင်မှု ပိုမိုလုပ်ဆောင်လာပြီး ဒေသခံနှင့် ခရီးသွားတို့လည်း စစ်ဆေးတင်းကြပ်ခံနေရကြောင်း သိရသည်။

    ကွမ်ကျိုက်ကျေးရွာမှ ရေးမြို့လမ်းမကြီးတစ်လျှောက်ရှိ ရွာအဝင်လမ်းထိပ် ၉ နေရာထက်မနည်းတွင် တပ်စွဲထားပြီး အထူးအဖြင့် ကွမ်ကျိုက်ကျေးရွာအနီး၊ ကိုရင်လေးဘုရားမုဒ်ဝရှေ့နှင့် စုံနံသာရွာလမ်းဝတို့တွင် အင်အားပိုများကြောင်း ခရီးသွားလာသူတို့က ဆိုသည်။

    “မနက်ကပဲ ကျွန်တော် ရေးကနေဆင်းလာတယ်။ စစ်ကောင်စီတွေက လမ်းမှာပြည့်နေတယ်။ ကုန်းပေါ်ဘက်ကနေ ရေးမြို့အထိ သူတို့တွေ အင်အားဖြည့်ထားတယ်။ စုံနံ့သာရွာလမ်းဝမှာဆို အများကြီးပဲ။ ပြီးရင် ကိုရင်လေးဘုရားမုဒ်ဝရှေ့မှာ ၃၀ ယောက်၊ ၄၀ ယောက်လောက်ရှိတယ် ” ဟု ရေး-သံဖြူဇရပ်လမ်းပိုင်း ခရီးသွားလာသူတစ်ဦး ဆိုသည်။

    ထို့ကြောင့်ခရီးသွားလာသူတို့က မှတ်ပုံတင်၊ ခရီးသွား ထောက်ခံစာနှင့် အခြားစာရွက်စာတမ်းပါရှိမှု အချိန်ကြာမြင့်စွာစစ်ဆေးခံနေရပြီး ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်နေသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

    ရေးမြို့ခံတစ်ဦးက ”စကစတွေက ပိုမိုတင်းကြပ်နေတယ်။ မနေ့က ကျွန်တော်တို့မော်လမြိုင်ကနေပြန်လာတုန်ကဆို ဒီကားက တစ်သောင်းပေး၊ ဟိုကားက ၂ သောင်း၊ တချို့ကားက ၅ ထောင် အဲဒီလိုတောင်းနေတယ်။ သူတို့ယူချင်တဲ့အတိုင်း ယူနေတယ်။ ဆန်သယ်တဲ့ ကားတွေဆို ၅ သောင်း ၆ သောင်းလောက်ထိတယ်” ဟု ဆိုသည်။

    ၂၀၂၄ အောက်တိုဘာလမှစ၍ ရေး-သံဖြူဇရပ် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲဖြစ်ပွားမှု နည်းလာသော်လည်း စစ်ကောင်စီအဖွဲ့တို့အင်အားဖြည့်တင်းလာခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ကွမ်ကျိုက်ရွာအနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရမှုတို့ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

    တိုက်ပွဲဖြစ်ပွားသည့်နေ့တို့တွင် လမ်းပိုင်ခေတ္တဖြတ်တောက်မှု၊ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကြပ်မှုတို့ကြောင့် အရေးပေါ်ကျန်းမာရေးအခြေအနေနှင့် ခရီးသွားလာသူတို့ အသွားအလာခက်ခဲနှောင့်နှေးနေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရေးမြို့နယ်အရှေ့ဘက်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့၏ တိုက်ပွဲအရှိန်ကြောင့် ရေးဒေသခံတို့ စားနပ်ရိက္ခာကြိုတင်စုဆောင်းမှုတို့လုပ်ဆောင်နေပြီး ဆန်နှင့်ရိက္ခာတင်ဆောင်လာသည့် ယာဉ်တို့ကိုလည်း ရေးလမ်းမကြီးတစ်လျှောက်ရှိ စစ်ကောင်စီအဖွဲ့တို့ ကန့်သတ်ပိတ်ဆို့လျှက်ရှိကြောင်း သိရသည်။

    တစ်ဖက်တွင်လည်း မွန်တော်လှန်ရေး တပ်ဖွဲ့တို့ပူးပေါင်းပြီး တပ်ပေါင်းစုတစ်ခုတည်းနေဖြင့် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေညာထားသည့်နောက်မွန်ဒေသတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks