spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုးနိုင်ဟု တော်လှန်ရေးအင်အားစုများ ပြော

    စစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုးနိုင်ဟု တော်လှန်ရေးအင်အားစုများ ပြော

    -

    စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာပြီး နိုင်ငံတော်အာဏာကို ရယူထားသော စစ်ကောင်စီအနေဖြင့် နောက်ထပ် ၆ လသက်တမ်း ထပ်တိုးလိမ့်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီသည် နောက်ထပ်အရေးပေါ် ၆ လ သက်တမ်းထပ်တိုးခဲ့ရာ လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းပြည့်တော့မည် ဖြစ်သည်။

    မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းက “၆ လ သက်တမ်း ပြည့်တော့မယ်၊ ဇန်နဝါရီ ၃၁ ရက်မှာ စကစအနေနဲ့ ၆ လ ထပ်မံ သက်တမ်းတိုးဖို့က သိပ်ပြီး သေချာနေပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ကို အကြောင်းပြချက်ပေးကာ အရေးပေါ်ကာလ ၆ လ ထပ်တိုးခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ၄ နှစ်ပြည့်တော့မည် ဖြစ်သည်။

    စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ ကျင့်ဝတ်သိက္ခာကို အလေးထားသည့် အဖွဲ့အစည်း မဟုတ်သည့်အတွက် အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးလိမ့်မည်ဟု ရခိုင်အမျိုးသားကောင်စီ (AA/ANC) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြောသည်။

    “ကျနော်ထင်တယ် သိပ်တော့ မထူးဘူးနဲ့ တူတယ်။ သူတို့ (စစ်ကောင်စီ) တိုးချင်လည်း တိုးမှာပဲ၊ ပြောရရင် နိုင်ငံရေးအရ သူတို့က ကျင့်ဝတ်သိက္ခာ အလေးထားတဲ့သူတွေမဟုတ်ဘူး။ တိုးချင်လည်း တိုးလိမ့်မယ်၊ အကြောင်းအမျိုးမျိုးပြပြီးတော့ မတိုးလည်းဘဲ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးကတော့ သူတို့အတွက်ကတော့ Legitimacy (တရားဝင်မှု) ရအောင် တိုးတာတော့ အကောင်းဆုံးပဲပေါ့နော်၊ မဟုတ်ရင်လည်း ဒီအတိုင်းပဲ သွားရင် သွားလိမ့်မယ်။ သို့သော်လည်း အုပ်ချုပ်ရေးအရ ပြောရရင်တော့ ဘာနဲ့သွားနေလဲဆိုတဲ့ဟာက မေးခွန်းထုတ်စရာရှိတယ်။ ကျနော်ထင်တယ် တိုးမယ်လို့ပဲ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီအနေဖြင့် ပုံစံအမျိုးမျိုးနှင့် သက်တမ်း ထပ်မံတိုးနေမည်ဖြစ်ကြောင်း၊ မိမိတို့ တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း လုပ်စရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ရမှာဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်း တိုး/မတိုး ကိစ္စသည် သတင်းအမျိုးမျိုး ထွက်နေကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “အခု သတင်းတွေက အမျိုးမျိုး ဖြစ်နေတယ်။ တချို့ကလည်း တိုးမယ်ပေါ့။ တချို့ကလည်း တိုးလို့ မကောင်းတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ အိမ်နီးနားချင်းတွေရော သူ့ကို ထောက်ခံတဲ့ တိုင်းပြည်တွေပါ မကြိုက်တော့ ကာလုံကို ပြန်အပ်မယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားနေရတယ်ဗျ။ ကာလုံက အမိန့်ထုတ်ပြီးတော့ အရေးပေါ်အခြေအနေကြေညာတယ်။ ကြေညာပြီးတော့ ကာချုပ်ကို နိုင်ငံတော်အာဏာလွှဲတာကိုး၊ အခု ကာချုပ်ကနေပြီးတော့ အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းပြီးတော့ ကာလုံကို အာဏာပြန်အပ်မယ့်သဘောရှိတယ်။ ကာလုံကို ပြန်အပ်လို့ရှိရင် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီအစိုးရ သဘောမျိုး ပြန်ဖြစ်မှာပေါ့။ အခု စီမံအုပ်ချုပ်မှုကော်မတီအစိုးရက ဖယ်ပြီးတော့ အစိုးရ အစားထိုးတာပေါ့ဗျာ။ နာမည်ပေါ့၊ နာမည်။ အဲဒီအစားထိုးတဲ့ ကာလုံအစိုးရကနေ ပြီးမှ ၆ လအတွင်း ရွေးကောက်ပွဲ လုပ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်က ရှိတော့ ဖွဲ့စည်းပုံအရ အာဏာထိန်းတယ်ဆိုတဲ့ သတ်မှတ်ချက်က ပြီးသွားနိုင်တာပေါ့။ အဲဒီလိုလည်း အသံတွေ ထွက်နေတယ်ဗျ” ဟု ပြောသည်။

    စစ်ကောင်စီအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုထားပြီး တစ်ဖက်မှာလည်း အဆိုပါ‌ ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks