spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းအမိန့်စာရရှိသူတို့ ပြည်ပထွက်ခွာခွင့်မရှိခြင်းသည် လေဆိပ်မှ တရားဝင်ထွက်ခွာသူတို့ကို ပိုမိုခက်ခဲစေမည်ဟုဆို

    စစ်မှုထမ်းအမိန့်စာရရှိသူတို့ ပြည်ပထွက်ခွာခွင့်မရှိခြင်းသည် လေဆိပ်မှ တရားဝင်ထွက်ခွာသူတို့ကို ပိုမိုခက်ခဲစေမည်ဟုဆို

    -

    စစ်မှုထမ်းရန် ဆင့်ခေါ်အမိန့်ရရှိထားသူတို့ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်မပြုခြင်းသည် လေဆိပ်မှတရားဝင်ထွက်ခွာလိုသူတို့ကို ပိုမိုခက်ခဲစေနိုင်ပြီး တရားမဝင်နည်းလမ်းဖြင့် ငွေကြေးပေးဆောင်ရမှုများလာနိုင်သည်ဟု ပြည်ပထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်တို့က ဆိုသည်။

    စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ၂၀၂၅ တွင် စစ်မှုထမ်းရန် ဆင့်ခေါ်အမိန့်ရရှိထားသူတို့ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိသည့်အပြင် စစ်မှုထမ်းကင်းလွတ်ခွင့်/လျှော့ပေါ့ခွင့် ရွှေ့ဆိုင်းခွင့် လျှောက်ထားပါက ဗဟိုအဖွဲ့၏ ခွင့်ပြုအမိန့်မရမီ ပြည်ပထွက်ခွာခွင့်မရှိဟု ထည့်သွင်းကန့်သတ်ထားသည်။

    ထို့ကြောင့် ယမန်နှစ်ကပင် အချက်လက်အပြည့်အစုံဖြင့် ပြည်ပထွက်ခွာသူတို့ လေဆိပ်တာဝန်ရှိသူ၊လဝကအဖွဲ့နှင့် ပွဲစားတို့ထံ ငွေကျပ်သိန်းဆယ် ချီအထိ ပေးဆောင်ခဲ့ရသည့်ဖြစ်စဉ်တို့ များစွာရှိခဲ့ပြီး ယခုနှစ်တွင်လည်း အခြေအနေဆိုးနိုင်ကြောင်း သုံးသပ်သည်။

    ” ကျမတုန်းကဆို လေယာဉ်ကွင်းရောက်တယ်၊ လေယာဉ်လက်မှတ်လည်းယူပြီးပြီးဟိုအထဲမှာထိုင်စောင့်‌တယ်၊ စစ်တဲ့ရဲတွေက ပေးမသွားတာ ပြန်ထွက်လာရတယ်၊ အချက်အလက်ပြည့်စုံတယ်၊ အကုန်လုံးရှိတယ်၊သူတို့ပေးမသွားဘူး။ ပိုက်ဆံ သိန်း ၆၀ ပေးမှ ပေးသွားတယ်။ တစ်ချို့သူငယ်ချင်းတွေကပေးပြီး ဝင်ကြည့်တယ်၊ ပေးသွားတယ်၊ ဒီနှစ်လည်းအခြေအနေပိုဆိုးနိုင်တယ်"ဟု လေဆိပ်မှ ထွက်ခွာခွင့်ကန့်သတ်ခံခဲ့ရသည် အမျိုးသမီးတစ်ဦးက ပြောသည်။

    ပြည်ပသို့ အလည်အပတ်ဗီဇာနှင့်ဖြစ်စေ၊ အလုပ်အကိုင်ဗီဇာနှင့်ဖြစ်စေ ထွက်ခွာလိုသူလူငယ်တို့ကို လေဆိပ်မှ ခွင့်မပြုခြင်းကြောင့် လေယာဉ်လက်မှတ်ခ၊ Hotel booking နှင့် အသွားလာစရိတ်ဆုံးရှုံးခံရမှု များစွာရှိခဲ့ကြောင်း ဆက်ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ် မြို့နယ်အချို့တွင် အိမ်ထောင်စုစာရင်း မိတ္တူလိုက်လံကောက်ယူနေပြီး စစ်မှုထမ်းအသက်အရွယ်ဖြစ်သည့် အသက် ၁၈ မှ ၃၅ နှစ်အရွယ် လူငယ်များကိုစာရင်းပြုစုကာ အချက်အလက်ကောက်ယူလျှက်ရှိသည်။

    ထို့ကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ကြားရန် အိမ်မက်ထားရှိထားသည့် လူငယ်တို့ အနာဂတ်လမ်းပျောက်ဆုံးနေသဖွယ်ဖြစ်သည့်အပြင် စိုးရိမ်မှုများလည်းဖြစ်နေရကြောင်း ထိုင်းနိုင်ငံသို့ ပညာသင်ယူရန် ပြင်ဆင်နေသည့် လူငယ်တစ်ဦးက ပြောသည်။

    ” အရင်တုန်းကလိုပဲကြိုးစားနေတုန်းပါပဲ။ ကိုယ်ဖြစ်ချင်တဲ့အရာ အိပ်မက်တွေကို ဖြစ်ထွန်းလာဖို့ကလူတိုင်းရဲ့ဆန္ဒပါပဲ။ ဒါပေမဲ့အခုက စိန်ခေါ်မှုကြီးကြီးမားမားတစ်ခု ရောက်လာတယ်ဆိုတော့ စိုးရိမ်စိတ်တွေကပိုဖြစ်လာတယ် ငါ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်အုံးမလား ဒီစစ်မှုထမ်းနည်းပဒေကြောင့်နဲ့ ဘယ်လောက်အထိ ခက်ခဲသွားနိုင်မလဲ။ ပြည်ပကိုရောထွက်ခွင့်ရှိအုံးမလား။ ဘယ်လောက်အထိကြာနိုင်အုံးမလဲ။ အဲလိုမျိုး စိုးရိမ်မှုတွေပေါ့နော်။” ဟု ဆိုသည်။

    အဆိုပါ နည်းဥပဒေတို့သည် စစ်မှုထမ်းအသက်အရွယ်တွင် အကြုံးဝင်သည့် လူငယ်အားလုံးကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်သည့် သဘောပင်ဖြစ်ကြောင်းလည်း ဥပဒေပိုင်း ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုပြောဆိုလျှက်ရှိသည်။

    စစ်ကောင်စီစစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်သည့် နောက်ပိုင်းတွင် မွန်ပြည်နယ်၌ လူငယ်များဆက်တိုက် ဖမ်းခံနေရပြီး အများစုတို့ မိသားစုနှင့် အဆက်သွယ်ပြတ်တောက်လျှက်ရှိသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် အခန်း ၁၀ ခန်း၊ ပုဒ်မ ၅၉ ခု၊ နောက်ဆက်တွဲ ပုံစံ ၁၂ နှင့် ဖော်ပြထားသည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ ၂၀၂၅ ကို စစ်ကောင်စီမှ တရားဝင်ထုတ်ပြန်လိုက်သည်။

    နိုင်ငံတစ်ဝှမ်း သို့မဟုတ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက စစ်မှုထမ်းအရွယ်ရောက်သူအားလုံး စစ်မှုထမ်းဆောင်ရမည့်အပြင် ထမ်းဆောင်ပြီးသူတို့လည်း လိုအပ်ပါက ထပ်မံစစ်မှုထမ်းရနိုင်ကြောင်း အဆိုပါ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ၂၀၂၅ တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks