Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအာရှလမ်းပြန်ဖွင့်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

    အာရှလမ်းပြန်ဖွင့်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

    -

    ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ဆိတ်ဖူးတောင်နှင့် ရင်ကွဲတောင်ဝန်းကျင်တို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    “(မနေ့) မနက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန် ပစ်နေကြတယ်” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ထိုင်းနိုင်ငံ၏ ဖိအားပေးမှုကြောင့် လာမည့်မတ်လအတွင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက စီစဉ်ထားသည့်အတွက် အဆိုပါလမ်းပိုင်းတစ်လျှောက် တပ်စွဲထားသည့် တော်လှန်ရေးပူးပေါင်းတပ်များကို တိုက်ထုတ်ရန် ကြိုးပမ်းလာခြင်း ဖြစ်နိုင်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    “အဲဘက်မှာ လက်နက်သံကတော့ နေ့တိုင်းလိုလို ကြားနေရတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာတော့ သွားတော့ သွားလို့ရတယ်။ တိုက်ပွဲ ခဏခဏဖြစ်နေတဲ့အတွက် မလုံခြုံလို့ ဘယ်သူမှ မသွားကြဘူး။ တောလမ်းဘက်ကိုပဲ အားကိုးပြီး သွားလာနေတဲ့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတွက် နှောင်နှေးတယ်။ အခက်အခဲ ဖြစ်လာတယ်။ အဲကြောင့် ထိုင်းဘက်က ဖိအားပေးမှုကြောင့် စစ်ကောင်စီက အာရှလမ်းမကြီးကို စိုးမိုးပြီး ဒီလာမဲ့ ၃ လပိုင်းမှာ ဖွင့်လှစ်သွားမယ်လို့ ကြားတယ်” ဟု အထက်ပါ ကော့ကရိတ်ဒေသခံက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Mongkol Visitstump က ကရင်ပြည်နယ်ဝန်ကြီးချူပ် ဦးစောမြင့်ဦးနှင့် လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီး နှိမ်နင်းနိုင်ရေး စသည့် နှစ်နိုင်ငံပူးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    လက်ရှိအခြေအနေအရ ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အသုံးပြုနိုင်ခြင်း မရှိသေးဘဲ တောလမ်းဖြစ်သည့် ထော့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် ဒေါနတောင်တက်လမ်းတို့ကို အသုံးပြုသွားလာနေရသည့်အတွက် လမ်းမကောင်းသလို၊ သယ်ယူပို့ဆောင်စရိတ် မြင့်မားခြင်း၊ ယာဉ်ကြပ်တည်းခြင်း ဖြစ်နေသည့်အတွက် ကုန်သွယ်ရေးကိစ္စ၊ ခရီးသွားလာရေးကိစ္စအတွက် ခက်ခဲလာခဲ့ခြင်းဖြစ်သည်။

    မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်ကောင်စီနှင့် ကရင့်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ပြီး ယနေ့ချိန်ထိ နှစ်နှစ်နီးပါး ပိတ်ထားဆဲဖြစ်ပြီး တရားဝင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks