Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဆိုက်ဘာရာဇဝတ်မှုများကို တားဆီးရန် သန္နိဌာန်ချထားဟု ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ထုတ်ပြန်

    ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးရန် သန္နိဌာန်ချထားဟု ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ထုတ်ပြန်

    -

    မြန်မာစစ်တပ်ပါဝင်ပတ်သက်နေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများကို ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဌာန်ချထားသည်ဟု ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီလ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

    ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများ၏ အကျိုးဆက်ကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဒုက္ခရောက်သူ များစွာရှိနေပြီး ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လျက်ရှိသည်ဟု ထုပ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီအနေဖြင့်လည်း အာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်နေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတို့ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့် ဆန္ဒမရှိခြင်းတို့ကို တွေ့ရသည်ဟု ဆိုသည်။

    ထိုကြောင့် မြန်မာနိုင်ငံကို ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာအောင် ကာကွယ် တားဆီးရမည်အပြင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘဂႅလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းတို့ကိုလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဖြင့် ထိရောက်သည့် လမ်းကြောင်းများ တည်ထောင်သွားရန် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက တောင်းဆိုထားသည်။

    ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP –AD)၊ အမျိုးသမီးများအဖွဲ့ ချုပ်-မြန်မာနိုင်ငံ(WLB) စသည့် အဖွဲ့အစည်းများ ပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks