Homeသတင်းတိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဟောင်းတွင် အရပ်သားနှစ်ဦး သတ်ဖြတ်ခံရ

တိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဟောင်းတွင် အရပ်သားနှစ်ဦး သတ်ဖြတ်ခံရ

-

တိုက်ပွဲဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် အရပ်သားပြည်သူနှစ်ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲစဖြစ်သည့်နေ့တွင်ပင် အရပ်သားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ကျုံလောင်းရွာဟောင်းနှင့် အိုင်းဗိတ်(အာဲဗိုတ်) လမ်းကြားတွင် သတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံတွင်း သတင်းအရင်းအမြစ်တို့က ပြောသည်။

အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ပြီး အနီးကပ်သွားမကြည့်ရဲသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရှိကြောင်းလည်း ဆိုသည်။

“အဲနေ့(ဇန်နဝါရီလ ၉ ရက်နေ့) က အရပ်သားပြည်သူနှစ်ယောက်ကို သတ်ဖြတ်ပြီး လမ်းဘေးမှာ အလောင်းတွေ ပစ်ထားတာကို ဒေသခံတွေက တွေ့လို့ ကျနော်တို့ဆီကို အကြောင်းကြားလာတယ်။ ဒါပေမဲ့ သူတို့ကလည်း အနီးကပ်ကို သွားမကြည့်ရဲကြဘူးလေ။ ပြေးရင်းနဲ့ တွေ့သွားတဲ့ပုံပဲ။ ဘယ်အချိန် သတ်ဖြတ်ခံထားလဲဆိုတာလည်း မသိကြဘူး” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ကျုံလောင်ရွာဟောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပါ လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီတပ်ဘက်က စစ်အင်ဖြည့်ထားသည်ဟုလည်း ဆိုသည်။

တိုက်ပွဲနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲနေခြင်းကြောင့် ကျုံလောင်ရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ဝယ်ဗိုင်၊ ဝယ်ဇင် အစရှိသည့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သိရသည်။

လလ်ရှိတွင် ကျုံလောင်ရွာဟောင်းနှင့် အနီးတစ်ဝိုက်တို့တွင် စစ်ကောင်စီတပ်တို့က တပ်စွဲထားဆဲဖြစ်ပြီး လမ်းများပိတ်ဆို့ထားသည့်အပြင် စစ်ဆေးမှုများလည်း တင်းကြပ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts