spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းခရီးသွားဝင်ရောက်မှု များလာသော်လည်း ခရီးသွားလုပ်ငန်း မလည်ပတ်နိုင်

    ခရီးသွားဝင်ရောက်မှု များလာသော်လည်း ခရီးသွားလုပ်ငန်း မလည်ပတ်နိုင်

    -

    မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု သိသိသာများလာ‌သော်လည်း ကိုဗစ်ကာလကတည်းက ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများ လုပ်ငန်း ပြန်လည် စတင်နိုင်ခြင်း မရှိသေးကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

    ယခုနှစ် ပွင့်လင်းရာသီတွင် ကျိုက်ထီးရိုး၊ မော်လမြိုင်နှင့် ဘားအံ စသည့်အထင်ကရနေရာများသို့ လစဉ်ခရီးသွားဧည့်သည် သောင်းနှင့်ချီ ဝင်ရောက်လျက်ရှိပြီး ကိုဗစ်ကာလနောက်ပိုင်း ခရီးသွားဝင်ရောက်မှု အများဆုံးနှစ်ဟုဆိုနိုင်သော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု လုံးဝမရှိသေးကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။

    ပြည်ပ ခရီးသွားဧည့်သည်များကို မှီခိုနေရသည့် ဧည့်လမ်းညွှန်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများအတွက် မလည်ပတ်နိုင်သည့်အပြင် လိုင်စင်ရှိ ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်သူလည်း ၁၀ ဂဏန်းမပြည့်တော့ကြောင်း မွန်၊ ကရင် ခရီးသွားဧည့်လမ်းညွှန် လုပ်ငန်းတာဝန်ရှိသူတစ်ဦး ပြောသည်။

    “local ဧည့်သည်ထက်ကို နိုင်ငံခြားသားကို ပို‌မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသားတွေ မဝင်ရောက်တော့ သူတို့လည်း အလုပ်မရှိသလိုပဲ ဖြစ်နေတယ်ပေါ့နော်။ ပြည်ပခရီးသည်တွေဆို ထိုင်းပဲ နဲနဲများလာတယ်ပေါ့။ အလည်နဲ့ဆို နိုင်ငံခြားသားတွေ လာရောက်လည်ပတ်မှုက သိပ်မရှိကြဘူး။ အလုပ်နဲ့ပဲ လာနေကြတယ်။ ဧည့်လမ်းညွန်းတွေဆို ရပ်နားထားကြတုန်းပဲ” ဟု ၎င်းက ပြောသည်။

    ၂၀၂၄ ခုနှစ် ပထမ ၆ လတာအတွင်း မွန်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ခဲ့ပြီး ယခင်နှစ်များထက် ခရီးသွားဝင်ရောက်မှု ၆၁ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှုး ဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

    သို့သော် ဟိုတယ်နှင့် မိုတယ်တို့တွင် ခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှု ကျဆင်းနေဆဲဖြစ်ပြီး ပိတ်ထားရသည့်အနေထားသို့ ရောက်ရှိနေသည်ဟု မော်လမြိုင်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “မော်လမြိုင်မှာတော့ ခရီးသွား ဝင်ရောက်တည်းခိုတာ မရှိသလောက်ပါပဲ။ အဓိက အလုပ်ကိစ္စနဲ့ လာတဲ့လူတွေလောက်ပဲရှိတာ။ မုဒုံတို့၊ ရေးတို့ဘက်ကျတော့ မင်္ဂလာပွဲတို့ အစည်းအဝေးပွဲတို့ အဲလိုပွဲတွေရှိမှ လက်ခံပြီးတော့ ဖွင့်တာရှိတယ်။ ပိတ်ထားရတဲ့ဟိုတယ်တွေကများတယ်။ ကျနော်တို့တောင် လုပ်ငန်းလည်ပတ်နေပေမဲ့ အမြတ်မရှိဘဲ ရသလောက်နဲ့သွားနေတာ” ဟု ဆိုသည်။

    အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် တိုက်ပွဲဖြစ်ပွားမှုနည်းနေသည့် မွန်ပြည်နယ်တွင် စစ်ကောင်စီက ၎င်းတို့ယန္တယား လည်ပတ်ရာ နေရာအဖြစ်သတ်မှတ်ထားပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တို့ကို မကြာခဏ ခေါ်ယူဖိအားပေးလျက်ရှိသည်။

    တစ်ဖက်တွင်လည်း ဒေသတွင်. လာရောက်လည်ပတ်သည့် ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများကို ရာဇာဝတ်သားသဖွယ် ပြုမှုပြီး၊ စစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်သည်။

    အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေရသည့် ယခုကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာမှု ရှောင်ကြဉ်ကြရန်၊ သတ်မှတ်ထားသည့်အချိန်အတွင်း ခရီးသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

    စစ်တပ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့ကို ဗြိတိန်နိုင်ငံသားများ ခရီးသွားလာခြင်း မလုပ်ရန် ဗြိတိန်အစိုးရက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စာထုတ်ပြန်ကာ တားမြစ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts