spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းPDF ထောက်ပို့သည့် စွပ်စွဲချက်ဖြင့် ရေးမြို့ခံ အမျိုးသမီး (၂) ဦး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

    PDF ထောက်ပို့သည့် စွပ်စွဲချက်ဖြင့် ရေးမြို့ခံ အမျိုးသမီး (၂) ဦး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီး (၂) ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်ပြီး ထောက်ပို့လုပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းကို ခံလိုက်ရသည်ဟု သိရသည်။

    ရေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်နေထိုင်သူ မငယ်ငယ်နှင့် အခြားအသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးငယ်နှစ်ဦးတို့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ရေးခရိုင်တရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

    “၂၂ ရက်နေ့က ရေးမြို့ (တရားရုံး) ကနေ ထောက်ပို့လို့ စွပ်စွဲပြီး ဖမ်းထားတဲ့ မိန်းကလေး (၂) ယောက်ကို ထောင် ၁၅ နှစ် အမိန့်ချလိုက်တယ်၊ အောင်မေတ္တာက မိန်းကလေး (၂) ယောက်လို့ ကြားတယ်၊ မိုးတွင်းကတည်းက ဖမ်းခံထားရတယ်” ဟု ရေးခရိုင်တရားရုံးနှင့်နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါ အမျိုးသမီး (၂) ဦးကို ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်နေ့က လုံခြုံရေး အကြောင်းပြချက်ဖြင့် ၎င်းတို့နေအိမ်၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ကျိုက်မရော (ဗဟို) အကျဉ်းထောင်တွင် အကျဉ်းချထားသည်ဟု သိရသည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီဘက်က လုံခြုံရေး တိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုများလည်း အထူးတင်းကြပ်ထားပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယခုနှစ် သြဂုတ်လကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုသူများနှင့် CDM ဆရာ၊ ဆရာမများအပါအဝင် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks