spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရ

    မုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ၊ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထံက ထုတ်ပြန်ထားသည်။

    မုပ္ပလင် စစ်ဆေးရေးဂိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (၇၈၀၅) တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာလ ၂၁ ရက်နေ့က Drone ဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ငါးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

    ၎င်းပြင် စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံများလည်း ထိခိုက်ပျက်ဆီးမှု ရှိခဲ့ကြောင်း သိရသည်။

    မုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်တို့က ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ထိုစစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသည် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ဦးစံကွေး၊ နော်ဖူးပွင့်ကျော်၊ မောင်နေလင်းအောင်တို့ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနှင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူနေကြရကြောင်းလည်း ဒေသခံတို့က ပြောသည်။

    မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရချိန်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပိတ်ဆို့မှု တစ်နာရီခန့် ဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားနှင့် ဒေသခံတို့ထံမှ သိရသည်။

    အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ မရမ်းချောင်စစ်ဆေးရေးဂိတ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks