spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအသင်းအဖွဲ့မှတ်ပုံတင် သက်တမ်းတိုးရာတွင် show money ပြရမည့် သတ်မှတ်ချက်ကြောင့် ပရဟိတအဖွဲ့များ ရပ်တည်ရန် ခက်ခဲလာ

    အသင်းအဖွဲ့မှတ်ပုံတင် သက်တမ်းတိုးရာတွင် show money ပြရမည့် သတ်မှတ်ချက်ကြောင့် ပရဟိတအဖွဲ့များ ရပ်တည်ရန် ခက်ခဲလာ

    -

    မွန်ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့မှတ်ပုံတင် သက်တမ်းကုန်နေသည့် ပရဟိတအသင်းအဖွဲ့များ မှတ်ပုံတင်သက်တမ်းတိုးရာတွင် show money ပြရမည့် စစ်ကောင်စီ၏ သတ်မှတ်ချက်ကြောင့် အသင်းအဖွဲ့မှတ်ပုံတင်ရန်နှင့် ဆက်လက်ရပ်တည်ရန်အတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း ပရဟိတအသင်းအဖွဲ့တို့ထံမှ သိရသည်။

    လာမည့် ၂၀၂၅ ခုနှစ်တွင် ပရဟိတအသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် လိုင်စင်သက်တမ်းတိုးမည်ဆိုပါက Show Money အဖြစ် ကျပ်သိန်း ၅၀၀ ပြသရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အသင်းအဖွဲ့ မှတ်ပုံတင်ပါက ShowMoney ကျပ်သိန်း ၅၀၀ ပြသရမည်ဖြစ်ကာ၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်အဆင့် အသင်းအဖွဲ့မှတ်ပုံတင်ပါက ကျပ် ၅ သိန်းကနေ သိန်း ၁၀၀ ပြသရမည်ဖြစ်သည်။

    ပရဟိတအသင်းအဖွဲ့သည် ကိုယ်ကျိုးရှာ စီးပွားရေးအသင်းအဖွဲ့မဟုတ်ဘဲ အလှူငွေအနည်းအကျဉ်းဖြင့် ရပ်တည်နေရသည့် အသင်းအဖွဲ့ဖြစ်သည့်အတွက် ယခုလို သတ်မှတ်ချက် မရှိသင့်ကြောင်း မော်လမြိုင်မြို့က အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အကျိုးအမြတ်ရှာတဲ့ အသင်းအဖွဲ့တွေ မဟုတ်တဲ့အတွက် ဒါက ဘယ်လိုမှ ဟန်ချက်ညီတဲ့ အချက်မဟုတ်ဘူး။ show money ပြခိုင်းတာ မဖြစ်သင့်ဘူးပေါ့နော်။ အခု လက်ရှိအနေအထားမှာဆို လစဉ်အလှူတွေတောင် ၁၀ သိန်းပြည့်မှာ မဟုတ်ဘူး။ အသင်းအသေးလေးတွေ ရပ်နားတာ ပိုများမယ်ထင်တယ်။ ဒီဥပဒေကို ဆောင်ရွက်မယ်ဆိုရင် အသင်းကြီးတွေတောင် ရပ်တည်ဖို့ခက်တယ်” ဟု ၎င်းက ပြောသည်။

    ထိုကြောင့် ယခု သတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် သို့မဟုတ် လျှော့ပေါ့ပေးရန်လည်း ပရဟိတအဖွဲ့ တာဝန်ရှိသူတို့က တောင်းဆိုနေကြသည်။

    စစ်ကောင်စီက ပြင်ဆင်ပြဌာန်းထားသည့် ၂၀၂၂ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင် သက်တမ်းတိုးခြင်းအတွက် မှတ်ပုံတင်ကြေး ၁ သိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွက် ၅ သောင်းနှင့် မြို့နယ်အဆင့်တွင် ၃ သောင်း ပေးသွင်းရမည်ဟု ပါရှိပြီး show money ပြသရမည်ဆိုသည့်ပြဌာန်းချက် မရှိပေ။

    စစ်ကောင်စီက သက်တမ်းကုန်ဆုံးပြီး အသင်းအဖွဲ့မှတ်ပုံတင် သက်တမ်းတိုးခြင်းမရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်မည်ဆိုပါက ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်မည်ဖြစ်ပြီး ငွေဒဏ်မဆောင်ပါက ၂ နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

    လာမည့်ရက်ပိုင်းအတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို စစ်ကောင်စီက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တို့တွင် စစ်ဆေးမှုများပြုလုပ်သွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားကြောင်း လူမှုကူညီရေးအသင်းအဖွဲ့တို့မှ သိရသည်။

    “အခုတော့ စစ်ဆေးတာ မရှိသေးဘူး။ ဒါပေမဲ့ ပြောထားပြီးပြီးဆိုတော့ သူတို့ စစ်ဆေးမှာပါ။ သွားရင် ဆောင်ထားတာပိုကောင်းမယ်။ မတင်ရသေးဘူးဆိုရင် တင်လိုက်၊ သက်တမ်းကုန်ရင် တိုးထားရမယ်။ မှတ်ပုံတင်မရှိဘဲ လုပ်ရင်တော့ သူတို့ ဥပဒေအတိုင်း အရေးယူမယ်” ဟု သံဖြူဇရပ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ထိုကြောင့် မြို့နယ်အသီးသီးရှိ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တရားဝင်မှတ်ပုံတင်လက်မှတ် ဆောင်ထားရန်၊ ကားတွင်ကပ်ထားရန်နှင့် ပြင်ဆင်ဆောင်ရွက်မှုအချို့ လုပ်ဆောင်ရန် လိုအပ်လာမည်ဟု ၎င်းက ဆက်ပြောသည်။

    ပရဟိတအသင်းအဖွဲ့၊ နာရေးကူညီမှု အသင်းအဖွဲ့နှင့် လူနာတင်ယာဉ်အသင်းတို့သည် ကျန်းမာရေးဝန်ကြီးဌာနတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း သက်တမ်းတိုးခြင်းတို့ လုပ်ဆောင်ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks