spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေးတွင် CDM ကျောင်းဆရာများအပါ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

    ရေးတွင် CDM ကျောင်းဆရာများအပါ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သုံးရက်အတွင်း CDM ကျောင်းဆရာ/ဆရာမများအပါအဝင် ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှ CDM ကျောင်းဆရာ တစ်ဦးနှင့် ကျောင်းဆရာမ နှစ်ဦးတို့ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    “CDM ဆရာ/ဆရာမတွေကို ဖမ်းခေါ်သွားတဲ့အပြင်ကို နေအိမ်တွေကိုလည်း မွှေနှောက် ရှာဖွေတာတွေ လုပ်ဆောင်သွားတယ်။ ဖုန်းနဲ့ ပိုက်ဆံတွေလည်း ယူသွားကြတယ်” ဟု အစင်ဒေသခံတစ်ဦးက ပြောသည်။

    CDM ဆရာ/ဆရာမများကို စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့တို့က ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးစဉ် ကျောင်းဆရာ/ဆရာမတို့ကို သေနတ်ဒင်ဖြင့် ထုပြီး၊ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    ၎င်းပြင် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အစင်စံပြကျေးရွာအနီးရှိ ပတ္တမြားကျားတန်းကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

    ယင်းနေ့တွင်ပင် လမိုင်းမြို့၊ မော့ကနင်ကျေးရွာလမ်းဆုံအနီးရှိ ကွမ်းယာဆိုင်ပိုင်ရှင် ဦးစိုးဆိုသူနှင့် ဇနီးဖြစ်သူတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သလို ၎င်းတို့၏ သမီးဖြစ်သူ မသင်းသင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    “သူတို့ အိမ်ရော၊ ဈေးဆိုင်ကိုပါ စစ်ကောင်စီတပ်က လူတွေက မွှေနှောက်ရှာဖွေတာတွေ လုပ်ခဲ့ပြီးတော့ ပိုက်ဆံတွေကိုလည်း ယူသွားတယ်” ဟု မော့ကနင်းဒေသခံတစ်ဦးက ပြောသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူများကို စစ်မိန့်ဖြင့် ရက်ပိုင်းအတွင်း အပြီးသတ်အမိန့်ချလေ့ရှိကြောင်းနှင့် သက်သေမခိုင်လုံသူများကို ဖမ်းဆီးရမိခဲ့ပါကလည်း သက်ဆိုင်ရာ စစ်တပ်၊ ရဲတပ်ဖွဲ့အဆင့်ဆင့်တို့အား ငွေကြေးသိန်းဆယ်ချီ ပေးပြီးသာ ပြန်လွတ်လာကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မြို့ခံပြည်သူတစ်ဦးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံများ လှုံဆော် ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ သံဖြူဇရပ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks