spot_img
Wednesday, December 18, 2024
More
    spot_img
    Homeသတင်းအနန်းကွင်း စစ်ဘေးရှောင်များ မြေမြုပ်မိုင်းအန္တရာယ် စိုးရိမ်နေရ

    အနန်းကွင်း စစ်ဘေးရှောင်များ မြေမြုပ်မိုင်းအန္တရာယ် စိုးရိမ်နေရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာဘက်က စစ်ဘေးရှောင်များ မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်နေရသည့်အခြေအနေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ပြောသည်။

    အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လလယ်ခန့်မှစ၍ ရဲတံခွန်ကျေးရွာဘက်တွင် မြေမြှပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်စဉ် ၈ ကြိမ်ထက်မနည်း ရှိခဲ့သည်။

    လတ်တလောတွင် အနန်းကွင်းကျေးရွာဘက် တိုက်ပွဲ ငြိမ်သက်နေသည့်အတွက် စစ်ဘေးရှောင်များ တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတစ်ဝိုက် ရော်ဘာခြံတို့တွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေခြင်းကြောင့် မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်စရာဖြစ်နေသည်ဟု အနန်းကွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

    “တိုက်ပွဲနည်းနည်းငြိမ်တဲ့ အချိန်ဆို သူတို့(စစ်ရှောင်)တွေက ပြန်လိုက်၊ အလုပ်လုပ်လိုက်ဆိုတော့ မြေမြှပ်မိုင်း ကိစ္စကတော်တော်စိုးရိမ်ရပေမဲ့ ကိုယ်လည်းဘာမှ မကူညီပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ပြီးတော့ တိုက်ပွဲကြောင့် လူမသိသူမသိသေဆုံးရတာတွေလည်း အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

    အနန်းကွင်းတိုက်ပွဲတွင် ဒေသခံ ၁၅၀၀ ခန့် ထွက်ပြေးတိမ်းရှောက်နေရပြီး အများစုသည် ကျေးရွာအနီးအနားရှိ တောတောင်ထဲတွင် တိမ်းရှောင်နေကြသူများရှိသလို မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ အစရှိသည့်ဒေသဘက်သို့ ပြောင်းရွှေ့ နေထိုင်ကြသူများလည်းရှိပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်လျှက်ရှိသည်။

    တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းဘက်တွင် ဩဂုတ်လလယ်ခန့်မှ ဒီဇင်ဘာလထိ မြေမြှုပ်မိုင်း နင်းမိမှုကြောင့် အမျိုးသား ၆ ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည်ရှိသလို အမျိုးသားတစ်ဦးလည်း သေဆုံးသွားခဲ့ရသည်။

    “ဇီးနှစ်ပင်က မိုင်းနင်းမိထားတဲ့ ရွာသားနှစ်ယောက်ဆိုရင် အသက် ၂၀ ကျော်လူငယ်တွေပဲ။ ရာဘာခြံရှင်းလင်းနေချိန်မှာပဲ နှစ်ယောက်လုံးမိုင်းနင်းမိပြီ ဒဏ်ရာရခဲ့ကြတယ်။ တစ်ယောက်က နည်းနည်းပဲထိပေးမဲ့လည်း တစ်ယောက်က ခြေထောက်မှာ အများကြီးထိထားတယ်။ အသက်စိုရိမ်းရတဲ့အထိတော့ မဟုတ်ဘူးပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မြေမြှပ်မိုင်းနင်းမိသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့လည်း လှုပ်ရှားသွားလာနေပြီး မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    အနန်းကွင်းဗျူဟာကုန်းတိုက်ပွဲသည် ၄ လနီးပါးကြာလာသည်ထိ ဆက်လက်ပြင်းထန်နေပြီး အင်အားဖြည့်တင်ရန် ပိုမိုခက်ခဲလာသည့် စစ်ကောင်စီတပ်တို့က ဒရုန်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,200SubscribersSubscribe
    spot_img

    Latest posts