spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေး- သံဖြူဇရပ်လမ်းပိုင်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိ

    ရေး- သံဖြူဇရပ်လမ်းပိုင်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုတို့ထံမှ သိရသည်။

    ရေး-သံဖြူဇရပ်လမ်းပိုင်း မော့ကနင်နှင့် ကနင်ကမော့ကျေးရွာကြားရှိ ကွမ်ကျိုက်ကျေးရွာအနီးတဝိုက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို NMSP- AD အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိကြောင်း မော့ကနင်ဒေသခံတစ်ဦးက ပြောသည်။

    “မနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ တော်လှန်ရေးအဖွဲ့ AD တွေလည်း ပါတယ်။ ကွမ်ကျိုက်ဘက်မှာ ၈ နာရီကျော်အထိ ပစ်ခတ်မှုဖြစ်နေတာ တော်လှန်ရေးဘက်ကလည်း ထိသွားလို့ကြားတယ်။ စကစတပ်တွေလည်း ထိသွားတာ ၁၀ ယောက်ကျော်တယ်လို့ကြားတယ်။ သေလား၊ ရှင်လားတော့ သေချာတော့မသိရသေးဘူး” ဟု ၎င်းက သည်။

    တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၈ တပ်ရင်း၊ မော့ကနင်အခြေစိုက် အမတ ၃၁၇ တပ်ရင်းအပြင် မော့ကနင်ကျေးရွာအနီးရှိ ခလရ ၁၀၆ တပ်ရင်းမှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လှမ်းကူပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှုများနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ရေး-သံဖြူဇရပ်လမ်းပိုင်း တိုက်ပွဲတွင် မွန်ပြည်သစ်ပါတီ NMSP- AD က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး ဖော်ဆောင်ခဲ့ကြောင်း၊ မြေပြင်အခြေအနေကို သီးခြားအတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးကြောင်း NMSP- AD မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်စကားက ပြောသည်။

    “ဒီမနက် ၆ နာရီ မော့ကနင်ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ပဲ ကျနော်တို့ အကြမ်းဖျင်း သိရသေးတယ်။ စစ်မြေပြင်တပ်မှူးတွေ ဘာမှ သတင်းမပေးသေးတာ့ လောလောဆယ် ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု နိုင်ကောင်စကားက ပြောသည်။

    တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ခေတ္တခဏ ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း နေ့လည်ပိုင်းခန့်တွင် ကားဖြတ်သန်းသွားလာမှုရှိသော်လည်း လမ်းတလျှောက်တွင် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဒေသခံတို့ကလည်း လတ်တလောတွင် ရေး-သံဖြူဇရပ်လမ်းပိုင်းကို ဖြတ်သန်းသွားလာပါက သတိထားသွားလာကြရန် သတိပေးနှိုးဆော်ထားကြသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ရေးမြို့နယ်၊ စုံ့နံ့သာကျေးရွာ ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

    ရေး-ထားဝယ်လမ်းပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာသော်လည်း လက်ရှိတွက် စစ်ကောင်စီတပ်များ လမ်းပိုင်းတလျှောက် အင်အားဖြည့်တင်းလာခြင်းနှင့် နယ်မြေရှင်းလင်းမှု ပြုလုပ်လာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်လာကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks