Wednesday, April 1, 2026
More
    spot_img
    Homeသတင်းတောင်ကုတ်မြို့အပါ AA ထိန်းချုပ်မြို့ ၁၃ မြို့ထိရှိလာ

    တောင်ကုတ်မြို့အပါ AA ထိန်းချုပ်မြို့ ၁၃ မြို့ထိရှိလာ

    -

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကို သိမ်းပိုင်ပြီးနောက် ပြည်နယ်အတွင်း၌ အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေ ၁၃ မြို့အထိ ရှိလာပြီ ဖြစ်သည်။

    မြို့ပေါင်း ၁၇ မြို့ရှိသည့်အနက် တောင်ကုတ်အပါအဝင် ၁၂ မြို့သည် AA လက်အောက်သို့ အလုံးစုံကျရောက်နေပြီး အမ်းမြို့ကိုလည်း AA က ထိန်းချုပ်ထားသည်။

    AA က မောင်တောမြို့ကို သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တောင်ကုတ်မြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

    “တောင်ကုတ်ကိုလည်း မြို့က ရထားတာကြာပြီပေါ့နော်။ အခုဒီ စကခ ၅ နဲ့ အဲဒီနားက တပ်တွေကိုပါ သိမ်းလိုက်တာ။ ရခိုင်ပြည်နယ်မှာတော့ နောက်ထပ် အမ်းတို့ ဘာတို့မှာလည်း တိုက်ပွဲတွေက ဆက်ရှိနေပါတယ်” ဟု ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

    တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလမှစတင်၍ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး မြို့သိမ်း တိုက်ပွဲအတွက် နိုဝင်ဘာ ၄ ရက်နေ့မှစတင်ကာ AA က ထိုးစစ် ဆင်ခဲ့သည်။

    ၎င်းပြင် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုလည်း AA က ဝင်ရောက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

    “နပခကို ဝင်တိုက်နေပါပြီ။ မနေ့ကအထိဆိုရင် တဝက်လောက်ကို ရထားတယ်လို့​ပြောလို့ရပြီ။ သိပ်မကြာတော့ဘူး” ဟု AA သတင်းအရင်းအမြစ်က ပြောသည်။

    ရခိုင်ပြည်နယ်ရှိ မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်မြို့တို့နှင့် ပလက်ဝဒေသကို AA က သိမ်းပိုက်ထားသည်။

    ရခိုင်ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်နှင့်ဂွ မြို့နယ်တို့ကို AA သိမ်းပိုက်ရန် ကျန်နေသည်။ တရုတ်စီမံကိန်းများရှိရာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့တွင် တိုက်ပွဲများ မရှိသေးသော်လည်း ဂွမြို့နယ်တွင် တိုက်ပွဲများရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks