spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

    ဘုရားသုံးဆူတွင် သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားခဲ့သည့် အဖိုး၊ သမီးနှင့် မြေး သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ဘုရားသုံးဆူမြို့ အမှတ် (၂) ရက်ကွက်နေ အသက် (၆၉) နှစ်အရွယ်ရှိ လျှပ်စစ်ဝန်ထမ်း (အငြိမ်းစား) ဦးရခိုင်၊ သမီးဖြစ်သူ အသက် (၃၆) နှစ်အရွယ်ရှိ ဒေါ်သိမ့်သိမ့်သူနှင့် မြေးဖြစ်သူ အသက် (၆) အရွယ်ရှိ မောင်စိုင်းဝဏ္ဏထွန်းတို့ကို လူတစ်စုမှ ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတို့က ကျူးလွန်ခဲ့သူတို့၏ အချက်အလက်များကို လိုက်လံစုံစမ်းပြီး ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    “သူတို့နှစ်ယောက်ကတော့ အရင်အချိန်က ရခိုင်ပြည်နယ်မှာ တာဝန်ကျခဲ့ဖူးတဲ့ ရဲတပ်ဖွဲ့တွေ ဖြစ်တယ်။ ဒါပေမဲ့ CDM လုပ်ပြီး KNU ဘက်ကို ဝင်ရောက်လာတာ ဖြစ်တယ်။ အဲဒီလို ဝင်ရောက်လာ ပြီးတော့ KNU ကနေ ဒလန်ရှင်းလင်းရေးအနေနဲ့ တာဝန်ပေးထားတယ်။ အခုက KNU ကပဲ ဖမ်းဆီးထားတယ်။ တပ်သားတာဝန်အဖြစ်ကနေ ဖြုတ်ချပြီး ထိန်းသိမ်းထားတယ်” ဟု IMNA ၏ မြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ထိုသို့ သတင်းပေးမှု မှားယွင်းခြင်းကြောင့် အပြစ်မဲ့ပြည်သူ မိသားစုဝင် (၃) ဦး သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး လက်ရှိတွင် ပြစ်မှုကျုးလွန်သူနှစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆိုသည်။

    “ဖြစ်ပုံက ဒလန်ရှင်းလင်းဖို့ မြို့ပေါ်မှာ ရှိတဲ့ သူတို့တပ်ဖွဲ့ (KNU) ကနေ သတင်းပေးမှု မှားယွင်းသွားတာ။ ပေးရှင်းခိုင်းတာက ဒီလျှပ်စစ်ဝန်ထမ်းဟောင်း ဦးရခိုင်ကို မဟုတ်ဘူး။ အခြား EPC တစ်ယောက်ကို ပေးရှင်းခိုင်းတာ။ သတင်းပေးမှု မှားယွင်းတဲ့အတွက် သူတို့မိသားစုတွေ သတ်ဖြတ်ခံလိုက်တာ ဖြစ်တယ်” ဟု အထက်ပါ မြို့ခံသတင်းအရင်းအမြစ်က ပြောသည်။

    လက်နက်ကိုင်အဖွဲ့မျိုးစုံ သွားလာလှုပ်ရှားနေသည့် ဘုရားသုံးဆူမြို့တွင် ပစ်ခတ်မှု၊ ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိသော်လည်း ယခုကဲ့သို့ ကလေးပါမကျန် အစုလိုက်သတ်ဖြတ်သည့် ဖြစ်စဉ်သည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks