spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အရှိန်မြှင့် လုပ်ရမည်ဟုဆို

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အရှိန်မြှင့် လုပ်ရမည်ဟုဆို

    -

    စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေးအတွက် အရှိန်မြှင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

    စစ်အာဏာရှင်စနစ် ချေမှုန်းရေး လက်နက်ကိုင်တိုက်ပွဲနှင့်အတူ လူထုတိုက်ပွဲ ပေါင်းစပ်ကာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

    ရဲဘော်ဆန်နီက “ကျနော်တို့ အရှိန်မြှင့် လုပ်ရမှာပါ။ အဓိကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ကျနော်တို့ အင်အားစုတွေအားလုံး စုစုစည်းစည်းနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကိစ္စကို ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ဆက်ပြီးဆောင်ရွက်ရဦးမယ်။ ရုန်းကန်ရဦးမယ်။ အဲဒီလို ရုန်းကန်တဲ့အချိန်မှာလည်း ကျနော်တို့ အခက်အခဲတွေ အားလုံးတွေ့မယ်။ အဲဒါကိုလည်း ကျနော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကျော်လွှားဖြတ်သန်းကြဖို့ပဲ။ ကျနော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်” ဟု ပြောသည်။

    စစ်အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာပြီဖြစ်ပြီး စစ်ရေးပဋိပက္ခလည်း နယ်စပ်ဒေသမှ တဆင့် ပြည်မဒေသအထိ ပိုမိုကျယ်ပြန့်လာခဲ့သည်။

    ညီနောင်မဟာမိတ် သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်၏ စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တိုင်းစစ်ဌာနချုပ်နှင့် မြို့အများအပြားကို လက်လွှတ်ခဲ့ရသည်။

    ယင်းနောက် ညီနောင်မဟာမိတ်တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ကာ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် အင်တာနက်တို့ကို ကန့်သတ်ထားသည်။

    အလားတူ ညီနောင်မဟာမိတ်အပေါ် တရုတ်က တိုက်ပွဲဖော်ဆောင်မှုကို ရပ်ဆိုင်းပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိအားပေးနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    လက်ရှိ စစ်ရေးပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုတို့အကြား တစ်ဖက်နှင့် တစ်ဖက် အပြတ်အသတ် မနိုင်ပါက ပဋိပက္ခများ ရေရှည်သွားနိုင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    “အဆုံးသတ်ဖို့ဆိုတာကတော့ အခုအခြေအနေကို သုံးသပ်ကြည့်ရင်တော့ ခက်တော့ ခက်တယ်ဗျ။ တစ်ဖက်ဖက်ကနေ နိုင်အောင် တိုက်နိုင်တဲ့ အခြေအနေမျိုးဆိုတဲ့ စိတ်ဓါတ်တွေက ရှိနေကြတယ် နှစ်ဖက်စလုံး ဒါကြောင့် တစ်ဖက်ကနေ နိုင်မှပဲ အခု စစ်ဖြစ်နေတဲ့ဟာတွေက ငြိမ်းသွားဖို့တော့ အခြေအနေမျိုးတော့ တွေ့နေရတယ်။ ဒါမဟုတ်ဘူးဆိုရင် တစ်ဖက်ဖက်ကနေ မနိုင်ဘူးဆိုရင်တော့ ဒီဟာ ကြာရှည်သွားမယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိ နွေဦးတော်လှန်ရေးသည် အစုအဖွဲ့တစ်ခုက ဖော်ဆောင်သည့် တော်လှန်ရေး မဟုတ်ဘဲ လူထုကိုယ်တိုင် ဖွဲ့စည်းတည်ဆောက်သည့် တော်လှန်ရေးဖြစ်ကြောင်း၊ စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး စစ်ရေးနည်းလမ်းအပါအဝင် သံတမန်ရေးဖိအား၊ စီးပွားရေးဖိအား၊ စစ်အာဏာရှင်စနစ်ကို အထောက်အကူ ဖြစ်စေတဲ့ ယန္တယားတွေကို ဖြတ်တောက်ရမှာ ဖြစ်ကြောင်း ရဲဘော်ဆန်နီက ဆက်ပြောသည်။

    လက်ရှိတွင် တော်လှန်ရေး အင်အားစုများဘက်က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၈၆ မြို့ ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts