spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်

    သံဖြူဇရပ် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၏ အမှတ်သားဖြစ်သည့် “သံဖြူဇရပ်” တည်ဆောက်မှု နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ မြို့လယ်ပန်းခြံတွင် ကျင်းပသွားရန်ရှိသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    သံဖြူဇရပ်မြို့၏ မူလဇာတိနေရာဖြစ်သည့် ဇရပ်ကို ၁၈၇၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ထိုဇရပ်ကိုရံ၍ ရွာငယ် စတင်ပေါ်ပေါက်ခဲ့ရာ လက်ရှိသံဖြူဇရပ်အဖြစ် တည်တံ့လာခဲ့သည်မှာ ယခုဆိုလျှင် နှစ် ၁၅၀ ပြည့်မြောက်လာပြီးဖြစ်သည်။

    “မြို့ရဲ့ ရတုပွဲတွေကို ပုံမှန် ဒီဇင်ဘာလမှာပဲ ကျင်းပတာများတော့၊ ဒီနှစ်လည်း အဲ့လိုပဲပေါ့နော်။ အဓိက အားကစားပွဲတွေပါပဲ။ အရမ်းပွဲကြီးလိုမျိုးလုပ်တာတော့ မဟုတ်ဘူး။ ဒီခေတ်ကာလအခြေအနေအရဆိုတော့လေ ပုံမှန်လောက်ပါပဲလေ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

    သံဖြူဇရပ် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် သံဖြူဇရပ်မြို့၊ သူမြို့သားများ စုပေါင်းပြီး သံဃာတော်အပါး ၁၅၀ အား ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်းအပြင်၊ ကမ္ဗည်းမော်ကွန်းကျောက်စာ စိုက်ခြင်း၊ မဂ္ဂဇင်း ပြက္ခဒိန်ထုတ်ဝေခြင်း၊ အားကစားပွဲ၊ ဖျော်ဖြေရေးနှင့် စာပေပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဟု သိရသည်။

    လတ်တလောတွင် သံဖြူဇရပ်မြို့အပါအဝင် မြို့နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်မှု ရှိနေသည့်အခြေအနေကြောင့် မြို့ နှစ် ၁၅၀ ပွဲ အထိမ်းအမှတ်တွင် လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေသည်ဟုလည်း မြို့ခံတို့က ပြောသည်။

    ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက “နှစ်ရာပြည့်မှာတုန်းကလည်း ဗုံးပေါက်ဖူးတဲ့ရာဇဝင်ရှိတယ်ဗျ။ အခုအထိမ်းအမှတ်ပွဲလည်း လက်ရှိအခြေအနေနဲ့ဆို အဲလိုဖြစ်မှာစိုးရိမ်တယ်” ဟု ပြောသည်။

    သံဖြူဇရပ် (ယခုလက်ရှိ သွပ်မိုးဇရပ်) ကို လွန်ခဲ့သည့် ၁၈၇၄ ခုနှစ်က လူအများ နားခိုနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဇရပ်ကို အစွဲပြုကာ သံဖြူဇရပ်ဟု သမုတ်ခေါ်ဆိုခဲ့ရာ ၁၉၆၄ ခုနှစ် ဇွန်လတွင် နိုင်ငံတော်ပြန်တမ်းဖြင့် မြို့မှ မြို့နယ်အဆင့် သတ်မှတ်ခံခဲ့ရသည်။

    မြို့၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ကို လွန်ခဲ့သည့် ၁၉၇၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့ပြီး ပွဲကျင်းပစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းလည်း ယခင်အထိမ်းမှတ်ပွဲတက်ရောက်သူတို့၏ ပြောဆိုချက်အရ သိရသည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks