spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းကျိုက်မရော စစ်ဘေးသင့်ဒေသခံတို့ ကူညီထောက်ပံ့မှုအချို့ရရှိသော်လည်း ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေး

    ကျိုက်မရော စစ်ဘေးသင့်ဒေသခံတို့ ကူညီထောက်ပံ့မှုအချို့ရရှိသော်လည်း ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသ နှင့်ကျွန်းကုန်းပိုင်းရွာတွင် နေအိမ်မီးလောင်ခံရသည့် စစ်ဘေးသင့်ပြည်သူတို့ ကူညီထောက်ပံ့မှုအချို့ရရှိသော်လည်း ပြန်လည်ထူထောင်ရေးစတင်ရန် အခက်ကြုံနေဆဲဖြစ်သည်ဟု ဒေသခံတို့မှသိရသည်။

    ဂျိုင်းမြစ်ဒေသတွင် နေအိမ်မီးလောင်ခံရသည့် မတ်လကုန်ပိုင်းမှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီအဖွဲ့အပါအဝင် ရာမညနိကာယပရိဟိတအဖွဲ့၊ မွန်ပြည်သစ်ပါတီအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံမှလည်း စစ်ဘေးဒဏ်သင့်ပြည်သူများကို ထောက်ပံ့ငွေနှင့် ဆောက်လုပ်ရေး ပစ္စည်းအချို့ ကူညီထောက်ပံ့မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    အဆိုပါထောက်ပံ့မှုတို့သည် နေအိမ်မီးလောင်ခံရသူတို့အတွက် အနည်းအကျဉ်းသာကာမိကြောင်း၊ နေအိမ်မီးလောင်ခံရသူအပြင် ဒေသခံတို့၏ စားဝတ်နေရေးနှင့်လုပ်ငန်းပြန်လည်လည်ပတ်ရန်အတွက်စိန်ခေါ်မှုများစွာရှိနေသေးသည်ဟု ကျိုက်မရောတွင် စစ်ရှောင်အရေးကူညီရေးဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    “ နေအိမ်မီးလောင် ထားတဲ့သူတွေကတော့ ထောက်ပံ့မှုပိုရပေမဲ့ ထောက်ပံ့မှုကတော့ အားလုံးသိတဲ့တိုင်း သာမန်ပါပဲလေနော်။ ဆုံးရှုံးထားတာက ဘယ်လောက်သိန်းချီလဲမသိဘူး ကိုယ်ထူကိုယ်ထလည်းဆောက်လုပ်ပါတယ်။ အခုက အစိုးရကရလို့ ဆောက်လုပ်နေကြတာမဟုတ်ဘူး၊ အကူအညီကလိုအပ်နေမြဲပဲ၊ ဆုံးရှုံးလိုက်ရတာကမနည်းမနောပဲလေ’’ ဟု ပြောသည်။

    စားဝတ်နေရေး အခက်အခဲရှိသော်လည်း ကူညီထောက်ပံ့မှုလိုအပ်ချက်တို့ကို ဒေသခံတို့ ထုတ်ဖော်မပြောဆိုရဲဘဲ အများစုသည် ပြည်ပရှိသားသမီးနှင့် ဆွေမျိုးတို့ထံ မှီခိုကာ ရှာဖွေစားသောက်နေကြရသည်ဟု ဆက်ပြောသည်။

    မတ်လအတွင်း ဂျိုင်းမြစ်ဒေသတစ်လျှောက် ဖြစ်ပွားသည့် ပဋိပက္ခကြောင့် မီးလောင်ခံရသည့်နေအိမ် ၃၈၀ လုံးတို့အနက် အိမ်ထောင်စုအချို့က ဘေးလွတ်ရာသို့တိမ်းရှောင်နေဆဲဖြစ်ကာ ကူညီထောက်ပံ့မှုစာရင်းတွင် မပါဝင်ခြင်းကြောင့် အလက်ရှိအချိန်အထိအထောက်အပံ့တစ်စုံတစ်ရာမရှိနေဟု စစ်ရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှသိရသည်။

    ထို့အပြင် စစ်ကောင်စီတပ်တို့ ဂျိုင်းမြစ်ကမ်းစပ်နေရာတို့တွင် ယနေ့အထိ တပ်စွဲထားဆဲဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နှင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံတို့ကစိုးရိမ်နေရခြင်းကြောင့် ယာယီနေအိမ်ဖြင့်သာနေထိုင်နေကြသည်ဟုလည်း ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

    “ ဒေသခံတွေက အသေအချာမဆောက်ရဲကြဘူး နောက်ထပ်ဖြစ်မဖြစ်ကမသိနိုင်ဘူးဆိုတော့ နေလို့ရသလောက်ပါပဲ၊ သွပ်မိုးနဲ့တော့သိပ်မတွေ့ရဘူး၊ တဲအမိုးနဲ့ ယာယီရွက်ဖျင်နဲ့ လုပ်ထားတာ အချို့တိုက်အိမ်တွေဆို တစ်ဝက်လောက်ပဲမီးလောင်ထားတော့ အဲ့နေရာမှာပဲ ပြင်ဆင်ပြီး ယာယီနေလို့ရသလောက်ပဲ သူတို့ထောက်ပံ့ငွေရမရ မထုတ်ပြောရဲကြဘူး ”ဟု ၎င်းက ပြောသည်။

    အထူးသဖြင့် ကျွန်းကုန်းပိုင်းဒေသခံတို့ အကူညီရရှိမှုနည်းကာ ဒေသတွင်းအခြေစိုက်ပရဟိတအသင်းတို့မှလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ကူညီထောက်ပံ့မှုကို ခေတ္တရပ်နားထားကြောင်း သိရသည်။

    ဂျိုင်းမြစ်ဒေသခံတို့ ကျေးရွာအတွင်း ပြန်လည်ထူထောင်မှုလုပ်ဆောင်ရန် စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးအဖွဲ့မှ နေရပ်ပြန်ရန် တိုက်တွန်းလျှက်ရှိသော်လည်း လက်ရှိကထိန်ကာလအလွန်တွင် စစ်ရေးပြင်းထန်မည်ကို ဒေသခံတိုး စိုးရိမ်နေဆဲဖြစ်သည်။

    ဂျိုင်းမြစ်ဒေသတွင် တရားမဲ့ အကြမ်းဖက်သတ်ဖြတ်မှု၊ စစ်ဒဏ်သင့်ကျေးရွာအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုများကျူးလွန်နေခြင်းကို အရေးယူကိုင်တွယ်ဖြေရှင်းရန်နှင့် ပညာရေး၊ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီဆောင်ရွက်နေသူများအာ ခြိမ်းခြောက်နေမှု၊ စစ်ပွဲဆင်နွှဲမှုများ ထပ်မံမပြုလုပ်ရန် စစ်ဘေးရှောင်ဒေသခံများက ပြီးခဲ့သည့်ဇွန်လတွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks