spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းထားဝယ်မြို့အနီးရှိ စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ခံရ

    ထားဝယ်မြို့အနီးရှိ စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြင်ရှိ စစ်ကောင်စီ ဂိတ်စခန်း ၂ ခု ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခံရပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

    ရန်ကုန်-ထားဝယ်ကားလမ်း‌ မောင်မယ်ရှောင်ရွာအနီးမှ ဂိတ်စခန်းများဖြစ်သည့် ဘုရားမဲ စစ်ကောင်စီဂိတ်၊ ဟားလီးကွေ့စစ်ကောင်စီဂိတ်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    “တိုက်ပွဲကကြမ်းတယ်။ ရန်သူဘကက်က အထိခိုက်များတယ်။ မြို့နဲ့ဆို ၆ မိုင်လောက်ရှိမယ်ဗျ။ ဂိတ်ကတော့ အင်အားထပ်တိုးထားတာရှိတယ်။ အင်အားများနေတယ်ပြောရမယ်ဗျ။ အခုမနက်ပိုင်းက တိုက်ပွဲဖြစ်တဲ့အချိန်မှာပေါ့” ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

    တိုက်ပွဲအတွင်း ထားဝယ်မြို့ရှိ စစ်ကောင်စီဘက်မှ စစ်ကူများပို့ပေးခဲ့ပြီး အဆိုပါစစ်ကူတပ်များနှင့်လည်း ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း သိရသည်။

    အဆိုပါတိုက်ခိုက်မှုကို တပ်ပေါင်းစုတစ်ခုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သည့်အဖွဲ့အတိအကျကို ထုတ်ပြန်သွားမည်ဟုလည်း သိရသည်။

    ရန်ကုန်-ထားဝယ်ကားလမ်း‌ မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ကားလမ်းတလျှောက်တွင် ကုန်တင်ကားနှင့် အိမ်စီးကားအချို့ပိတ်မိနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks