spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းကွမ်းသီးခြောက်ဈေးကောင်းရနေသော်လည်း ကုန်ဈေးနှုန်းကြောင့် တွက်ခြေမကိုက်ဟုဆို

    ကွမ်းသီးခြောက်ဈေးကောင်းရနေသော်လည်း ကုန်ဈေးနှုန်းကြောင့် တွက်ခြေမကိုက်ဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကွမ်းသီးခြောက်ရာသီတွင် ကွမ်းသီးခြောက် ဈေးကောင်းရနေသော်လည်း ကုန်ဈေးနှုန်းကြောင့် တွက်ခြေမကိုက်ပဲ ကွမ်းသီးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် အခက်အခဲရှိလာသည်ဟု ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူတို့က ဆိုသည်။

    လက်ရှိကွမ်းသီးခြောက်ရာသီတွင် ကွမ်းသီးခြောက် တစ်ပိဿာ ၁၁၀၀၀ ကျပ်အထိရရှိနေပြီး ယမန်နှစ်က ကွမ်းသီးခြောက် တစ်ပိဿာ ကျပ် ၈၀၀၀ ခန့်သာ ရှိခဲ့သည်ဟု ကွမ်းသီး‌စျေးကွက်အတွင်းမှ သိရသည်။

    ကွမ်းသီးခြောက် စျေးကောင်းလာသော်လည်း ဆန်အပါအဝင် အဆမတန်မြင့်တက်လာသည့် အထွေထွေကုန်ကျစရိတ်ကြောင့် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်နေသည်ဟု ရေးမြို့မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။

    “မိသားစုက လူများတော့ စားမလောက်ဘူး။ လစဉ် သုံးရမဲ့ ပစ္စည်းတွေက ဈေးကြီးနေတော့ ကိုယ်ရတဲ့ ဝင်ငွေနဲ့ တက်နေတဲ့ ကုန်ဈေးနှုန်းကို လိုက်မနိုင်ဘူးဖြစ်နေတယ်။ ဒီပစ္စည်းတွေလည်း ကိုယ်က ဝယ်သုံးရတာများတယ်။ မနှစ်က ဆန်ဈေးပေါတယ်။ ကွမ်းသီးရောင်းမကောင်လည်း အဆင်ပြေတယ်” ဟု ၎င်းက ပြောသည်။

    ယင်းအခြေအနေကြောင့် စျေးကျလာနေသည့် ဒေါ်လာ၊ ထိုင်းဘတ်၊ ရွှေဈေးနှင့်အတူ ကုန်ဈေးနှုန်းလည်း ကျလာစေရန် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူတို့က လိုလားနေကြသည်။

    ပြီးခဲ့သည့် မိုးတွင်းကာလက ကွမ်းသီးနု ဈေးကာင်းရရှိနေသဖြင့် ကွမ်းသီးများကို အခြောက်ခံသိုလှောင်သူနည်းပြီး လက်ရှိဈေးကွက်အတွင်း ကွမ်းသီးခြောက်နည်းနေခြင်းကြောင့် ဈေးကောင်ရနေသည်ဟု ကွမ်းသီးခြံပိုင်ရှင်တို့ထံမှ သိရသည်။

    “ဒီနှစ်က နည်းတယ်လေ။ ကွမ်းသီးခြောက်တွေ အဲဒါကြောင့် ဈေးကောင်းတယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုထပ်လာမလဲမသိတော့ အနုတွေပဲ အကုန်ခူးရောင်းကြတယ်လေ။ ကောင်းပေမဲ့ ကျနော်တို့အတွက်က ဘယ်လိုမှမကိုက်ဘူး” ဟု ရေးမြို့ရှိ ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။

    မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကွမ်းသီးခြောက်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် ယခုနှစ်မှစ၍ သုံးနှစ်စာချုပ်ဖြင့် သဘောတူညီမှုရရှိထားပြီး လစဉ်တန်ချိန် ၂၀ဝ တင်ပို့သွားမည်ဟု မြန်မာနိုင်ငံကွမ်းသီးစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

    တနိုင်ငံလုံးအတိုင်းအတာဖြင့် ကွမ်းသီးစိုက် ဧက ၂၅၃၃၇၀ ရှိပြီး နှစ်စဉ် တန်ချိန် နှစ်သိန်းသုံးသောင်းခန့် ထွက်ရှိကာ မွန်ပြည်နယ်တွင် စိုက်ဧက ၅၆၅၀၈ ဧက ရှိပြီး တန်ချိန် ကိုးသောင်းဖြင့် အများဆုံး ထွက်ရှိနေကြောင်း မြန်မာနိုင်ငံကွမ်းသီးစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ ရောင်းချသူများမှအသင်းမှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks