spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်သားများကို KNLA လိုက်လံတိုက်ခိုက်

    ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်သားများကို KNLA လိုက်လံတိုက်ခိုက်

    -

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    ဖာပွန်ခရိုင်အတွင်းက မထောစခန်းကို KNLA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားအချို့တို့က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။

    အဆိုပါ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို KNLA က လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့ နယ်မြေတွေဘက်ကို ထွက်ပြေးတာပေါ့နော်။ ကစယ်သဲဖလယ်နဲ့ ခွေးသေ (ထွီသီးအူ) ဘက်ကို ဆုတ်တာ။ အဲ့တာကို ကျွန်တော်တို့ဘက်က လမ်းမှာ စောင့်ပြီးတိုက်တာ။ ဒရုန်းတပ်တွေ၊ စနိုက်ပါတပ်တွေလည်းပါတယ်။ အဲ့တာကြောင့် သူတို့ဘက်ကလူတွေလည်း အထိနာကြတယ်။ လက်နက်တွေလည်းရထားတယ်” ဟု ၎င်းက ပြောသည်။

    မထောစခန်းသည် စစ်ဒေသကွပ်ကဲမှုဌာနချုပ် စကခ ၈ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၄၀၇၊ ခမရ ၄၀၈ နှင့် ခမရ ၄၀၄ မှ တပ်သားများ စုပေါင်းအခြေစိုက်ထားသည့် စခန်းကြီး ဖြစ်သည်။

    ဖာပွန်ဗျူဟာကို အထောက်အပံ့ပေးနေသည့် စခန်းကြီးများဖြစ်သည့် မထောစခန်း၊ ကူးဆိပ်စခန်း၊ ခေါပုတ် စခန်းတို့ကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်သည်။

    ထို့ကြောင့် KNU တပ်မဟာ ၅ နယ်မြေအတွင်း ဖာပွန်ဗျူဟာတစ်ခုသာ သိမ်းပိုက်ရန် ကျန်သာရှိပြီး အဆိုပါစခန်းကိုလည်း KNLA နှင့် PDF တပ်တို့က ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks