spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် အာယုတောင်ရွာအတွင်း ပစ်ခတ်မှုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

    ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် အာယုတောင်ရွာအတွင်း ပစ်ခတ်မှုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူရုံးရှိ လင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အာယုတောင်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တို့မှ တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားလာပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်လာသည်ဟု အာယုတောင်ဒေသခံတို့က ဆိုသည်။

    အာယုတောင်ကျေးရွာအနီးတဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှား သွားလာနေသည့်အတွက် နှစ်ဖက်ပစ်ခတ်မှု ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသလို စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

    အာယုတောင်ဒေသခံ အမျိုးသမီးတစ်ဦးက “ရွာသားတွေ စိတ်ပူနေတာတစ်ခုက စကစတပ်ကနေ ညတွင်းဘက်အချိန်မှာ လက်နက်ကြီးနဲ့ပစ်လာမှာကိုပဲ စိတ်ပူတယ်။ တချို့ အနည်းကျဉ်းကျတော့ အထုတ်အပိုးတွေနည်းနည်းပါးပြင်ဆင်နေတာတော့ရှိတယ်။ ပြီးတော့ ညပိုင်းအချိန်မှာ တစ်ယောက်မှ မသွားလာရဲတော့ဘူး” ဟု ပြောသည်။

    ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် အာယုတောင်ကျေးရွာတွင် နေ့ခင်းပိုင်း အသွားအလာ ပုံမှန်ရှိနေသော်လည်း ညပိုင်းတွင် အသွားအလာမရှိပဲ တိတ်ဆိတ်နေသည်ဟု ဆိုသည်။

    အာယုတောင်ကျေးရွာတွင် လတ်တလောဖြစ်ပွားနေသည့်အခြေအနေတွင် ဒေသခံများ ကြားညှပ်နေရသည့်အနေအထား ရှိနေသဖြင့် အသွားအလာသတိရှိရန် လိုအပ်ကြောင်း အာယုတောင် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “ဒီလိုမျိုးပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ထားပြီးပြီးချင်း အခြေနေဆိုတော့ နည်းနည်းတော့သတိထားသွားလာရ တာပေါ့။ နှစ်ဖက်ပစ်ခတ်နေတဲ့အချိန် ကိုယ်ကကြားမှာညှပ်သွားရင် ကိုယ်ကံပေါ့။ အခုအခြေနေက ကိုယ်ဖြစ်ရင် ကိုယ်ခံ အဲ့လိုပါပဲ။ ဟိုနေ့ဖြစ်စဉ်ကလည်း တစ်ယောက်မှမထင်မှတ်ထားဘူး။ ဖြစ်လာတယ်။ သာမန်ရွာသားတွေလည်းထိတယ်။ ဒါပေမဲ့ ရွာခံတော့မဟုတ်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

    အာယုတောင် ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးသေဆုံးသွားခဲ့ပြီး တပ်ဖွဲ့တင် နှစ်ဦးနှင့် အရပ်သား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP- AD က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လင်းဦးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ရေးဘီးလူးအဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းကြောင့် အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks