Saturday, April 18, 2026
More
    spot_img
    Homeသတင်းပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အလွတ်တန်းသတင်းထောက်၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

    ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အလွတ်တန်းသတင်းထောက်၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

    -

    စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြက်၏ မိခင် ဒေါ်စိုးစိုးခိုင် နေအိမ်ကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၂၂ ရက် နေ့လည်ပိုင်းခန့်က လာရောက်ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။

    “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအပိုင်းက လူတွေလာပြီးတော့ ကိုထက်မြတ်သူရဲ့နေအိမ်ကို ဗီနိုင်းလာချိတ်သွားတာပါ။ ကိုထက်မြတ်သူရဲ့ မိခင် ဒေါ်စိုးစိုးခိုင်ကတော့ တိမ်းရှောင်နေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ကျောင်းကြီးပိုင်းက သတင်းထောက်ကိုထက်မြတ်သူ၏ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၊ ကိုဝင်းထွဋ်ဦးနှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားခဲ့သည်။

    ကိုထက်မြတ်သူ၏ မိခင် ဒေါ်စိုးစိုးခိုင်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၂(က)၊ ၅၄ ဖြင့် ကျိုက်ထိုနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိူက်ထိုမြို့နယ်အတွင်းက စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည်ဆိုပြီး ဒေသတို့၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks