spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ်အတွင်းက မွန်ရွာများထဲ စစ်ကြောင်း ဝင်ရောက်လာခြင်းမရှိသေးဟုဆို

    ကော့ကရိတ်မြို့နယ်အတွင်းက မွန်ရွာများထဲ စစ်ကြောင်း ဝင်ရောက်လာခြင်းမရှိသေးဟုဆို

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ကျေးရွာများထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်း မရှိကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

    ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်နယ်ရှိ မွန်ကျေးရွာများထဲတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်း စစ်ကြောင်းတို့က ဝင်ရောက်လာနေသည်ဟု သတင်းထွက်နေသည့်အပေါ် မဟုတ်မှန်ကြောင်း အဆိုပါဒေသတွင် လှုပ်ရှားနေသည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တာဝန်ရှိသူတို့က ပြောသည်။

    “ကမ်းနီး၊ ကော့ကျိုက်ဘက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာ မရှိပါဘူး။ ကျနော်တို့ကလည်း အဲဒေသမှာပဲ လှုပ်ရှားနေတာပါ။ နယ်ခြားစောင့်တပ် BGF တွေရော တခြားစစ်ကောင်စီတပ်တွေရော ထပ်ပြီးတော့ ဝင်ရောက်လာတာ မရှိပါဘူး” ဟု MLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကျုံဒိုးတိုက်နယ်အတွင်းရှိ မွန်ကျေးရွာအချို့တို့တွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထားသည်ရှိသော်လည်း လတ်တလောတွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းမရှိသေးဘူးဟု ဒေသခံတို့က ပြောသည်။

    “ရွာတွေမှာတော့ သူတို့(စစ်ကောင်စီတပ်) တပ်စွဲထားတာ ရှိတယ်။ နေရာတိုင်းလိုလိုပဲ။ တခါတလေ ညပိုင်းဆို သူတို့ကင်လှည်ကြတယ်။ လောလောဆယ် ဘာမှမထူးသေးပါဘူး။ စစ်ကြောင်းထိုးဝင်ရောက်တာက မကြားမိပါဘူး” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့နယ်၊ ကိုးတိုင်-ကျုံဒိုးလမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားမှု မရှိစေရေးအတွက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး လမ်းလုံခြုံရေး တိုးမြှင့်ချထားလျှက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် နယ်မြေဒေသဖြစ်ပြီး မွန်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ NMSP-AD နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks