Sunday, March 22, 2026
More
    spot_img
    Homeသတင်းအကောက်အခွန်ကြောင့် အခြေခံစားသောက်ကုန်ဈေးမကျဟုဆို

    အကောက်အခွန်ကြောင့် အခြေခံစားသောက်ကုန်ဈေးမကျဟုဆို

    -

    ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့် အကောက်အခွန်ကြောင့် မွန်ပြည်နယ် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းပြန်မကျဘဲ အတက်ဘက်သာရှိနေသည်ဟု ကုန်သည်နှင့် ရောင်းဝယ်သူတို့ထံမှ သိရသည်။

    ယနေ့(နိုဝင်ဘာ ၁၈ )တွင် ထိုင်းဘတ်ငွေ ၇၉၀ လျှင် မြန်မာငွေကျပ် ၁ သိန်းဈေးရှိနေပြီး ယခင်သြဂုတ်က မြန်မာငွေစံချိန်တင်ကျဆင်းခဲ့သည့်ဈေးအတိုင်းသာ စားသောက်ကုန်ပစ္စည်းများကို ရောင်းချနေသည်ဟု သိရသည်။

    ထိုင်းကုန်ပစ္စည်းများအဓိကတင်သွင်းနေသည့် မြဝတီ- ကော့ကရိတ်လမ်းတစ်လျှောက်ရှိ ဂိတ်ပေါင်း ၅၀ ထက်မနည်းကို အကောက်အခွန်ပေးဆောင်းနေရသည့်အပြင် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းပြန်မကျနိုင်ဟု ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

    “ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းတဲ့အခါမှာ စစ်တပ်တွေရဲ့ ဂိတ်မှာသိမ်းခံရတာရှိတယ်၊ ပြီးတော့ အခွန်တွေလည်းရှိသေးတယ်။ ထိုင်းဘက် မြန်မာဘက်မှာရော အခွန်ပေးရတယ် ။ တချို့ဆို ထိုင်းဘက်က သတ်မှတ်ထားတဲ့ ဈေးအတိုင်း ရောင်းရတာလည်းရှိတယ် ဈေးချပြီးရောင်းလို့မရဘူး ” ဟု ပြောသည်။

    ဂိတ်တိုးမြှင့်ဖွင့်လှစ်လာသည်နှင့်အမျှ ဂိတ်ကြေးပေးဆောင်မှုလည်း များလျှက်ရှိပြီး ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၅၀၀၀ မှ သိန်းချီအထိ ပေးဆောင်နေရသည်ဟုလည်း သိရသည်။

    ၎င်းကြောင့် ယခင်သြဂုတ်လက ထိုင်းနိုင်ငံထုတ်စားသုံးဆီတစ်ထုတ် ၈၀၀၀ ကျပ်အတိုင်းသား ဝယ်ယူနေရပြီး ကုန်ဈေးနှုန်းပြန်မကျသည့်အပေါ် လူမှုစီးပွားဘဝ ကြပ်တည်းလာသည်ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

    “ စားသုံးသူတွေ ဝယ်ယူဖို့က အဆင်မပြေဘူး။ ကျမတို့ဘက်က လူအများစုက ထိုင်းမှာပဲ အလုပ်လုပ်ကြတယ်လေ ဘတ်ငွေစျးကျနေတော့ ဟိုကနေလွဲလာတဲ့ ပိုက်ဆံကလည်းနည်းနည်းပဲ ရတယ်။ ရှိတဲ့သူအတွက်တော့ ဘာမဟုတ်ဘူး။ တစ်နေ့လုပ် တစ်နေ့စားတဲ့သူအတွက်တော့ သိပ်ခက်တယ်” ဟု ဆက်လက်ပြောကြားသည်။

    ထိုင်းကုန်ပစ္စည်းများဖြစ်သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သည့် မြဝတီ- ကော့ကရိတ်လမ်းအပြင် မုဒုံ- ဘုရားသုံးဆူမှလည်း တစ်နိုင်တစ်ပိုင်တင်သွင်းလျှက်ရှိပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်မှတစ်ဆင့် နိုင်ငံအနှံ့ ဖြန့်ဖြူးနေသည်ဟု သိရသည်။

    ကုန်ဈေးနှုန်းပြန်မကျခြင်းသည် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့အပြင် တိုင်းပြည်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟုလည်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားသည်။

    လက်ရှိနိုင်ငံခြားငွေဈေးကျဆင်းခြင်းသည် ယာယီကျဆင်းခြင်းသာဖြစ်သည်ဟုလည်း ပညာရှင်တို့က ခန့်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks