spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းစစ်ခေါင်းဆောင်က မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်လိုက်ဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော

    စစ်ခေါင်းဆောင်က မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်လိုက်ဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော

    -

    စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

    စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများ၏ ဘဝကို တစ်ပါးသူလက်ထဲ ထိုးအပ်လိုက်ခြင်းက သမိုင်းမှာ အရိပ်မဲတစ်ခုဖြစ်ကြောင်း ပြည်သူမှ ပြည်သူသို့ အင်တာဗျူးအစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

    ဒေါက်တာ ဇော်ဝေစိုးက “အရင်ဆုံးတော့ ဒါက ရှင်းပါတယ်။ မင်းအောင်လှိုင်က စစ်ရှုံးနေလို့တာ ဒီကိစ္စတွေ လုပ်ရတာ၊ သူတို့တာ စစ်နိုင်နေရင် ဒီလို လုပ်မှာ မဟုတ်ဘူး။ စစ်ရှုံးနေတဲ့သူတစ်ယောက်က တကယ်တော့ တိုင်းပြည်ကို ရောင်းစားတာ ပြည်သူတွေရဲ့ ဘဝတွေကို သူတစ်ပါးရဲ့ လက်ထဲကို ထည့်လိုက်တာ၊ ရှင်းပါတယ်။ ဒါကြောင့် ဒါဟာ သမိုင်းမှာ တကယ်ကို အရိပ်မဲ တစ်ခု ဖြစ်သွားစေတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆရာက မြင်တယ်၊ ဒါဟာ တကယ်တော့ မင်းအောင်လှိုင်တို့ဟာ မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်သွားတာနဲ့ တူတာပေါ့နော်၊ ဒါဟာ ကျနော်တို့ သမိုင်းအတွက်တော့ တော်တောကို မကောင်းတာလို့ ကျနော်မြင်တယ်” ဟု ပြောသည်။

    စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သလို အဆိုပါ ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက် လေ့လာခဲ့သည်။

    ထို့နောက် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသော တရုတ်၏ ရင်းနှီးမြှပ်နှံမှု စီမံကိန်းများဖြစ်သော၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံစီမံကိန်း၊ ပိုးလမ်းမစီမံကိန်း နှင့် မြေငှားရမ်းမှုများ စသည့်ကိစ္စရပ်များကို ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    အဆိုပါ တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေတုံတန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမြင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အလုပ်သမားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    တရုတ်အနေဖြင့် ပြည်သူလူထုက ဆန့်ကျင်နေသော စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းက ကောင်းမွန်သည့် အခြေအနေမျိုး မဟုတ်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက ဆက်လက်ပြောကြားသည်။

    “တရုတ်အနေနဲ့ ဒါကို သေချာစဉ်းစားဖို့ကောင်းတယ်၊ စောစောက ပြောသလို ပြည်သူကို သတ်နေတဲ့ ပြည်သူနဲ့ ဆန့်ကျင်ဖက် လုပ်နေတဲ့ ဒီစစ်အာဏာရှင်နဲ့ လူတစ်စုကို ပေါ့နော်၊ စကစကို တရုတ်အနေနဲ့ ဘယ်လိုမျိုး သဘောထား ဆက်ဆံသင့်သလဲဆိုတာ သေချာစဉ်းစားသင့်တယ်လို့ ဆရာ အဲဒီတုန်းက ပြောခဲ့တယ်၊ ပြည်သူလူထုရဲ့ ဆန့်ကျင်ဖက်မှာ‌ နေမယ်ဆိုရင် တရုတ်နဲ့ မြန်မာပြည်သူတွေရဲ့ ကြားထဲမှာရှိမယ့် သဘောထား ဆက်ဆံရေးဟာ မကောင်းနိုင်ဘူး။ ဒါကြောင့် ဒါကို သေချာစဉ်းစားသင့်တယ်လို့ စရာပြောခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ သူတို့ဖက်က ဒီလိုမျိုးတွေ ဖြစ်လာတယ်၊ လုပ်လာတယ် ဆိုတဲ့အခါကြတော့ တကယ်တော့ ဒါဟာ မကောင်းဘူး။ မကောင်းဘူး။ ကျနော်တို့ မဖြစ်ချင်တဲ့ဟာ ဖြစ်နေတယ်၊ ဘာမကောင်းတာလဲ ဆိုရင် တကယ်တော့ အခုလိုမျိုးတွေ့ဆုံတာ ခုနားလိုမျိုး အစည်းအဝေးတွေ တက်တယ် ပြန်လာပြီးတဲ့နောက်မှာ ခုရက်ပိုင်းအတွင်းမှာပဲ ဗုံးကြဲတာက ပိုများလာတယ်၊ ဒါဟာ သိသာတယ်၊ သူပိုပြီးတော့ မိုက်နေတာ၊ ပိုပြီးတော့ အစွန်းရောက်လာတာ၊ ပိုပြီးတော့ လူမဆန်လာတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

    တိုင်းပြည်တစ်ဝှမ်း စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုမှာ တရုတ်၊ ထိုင်းတို့၏ ပယောက မကင်းဟု ယူဆကြောင်း ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၃၅၄၀ ကြိမ်အထိ ရှိခဲ့ကြောင်း ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့ Burma Fascism and Nationalism Watch-BFNW အဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks