spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းတရုတ်တောင်ပိုင်းတွင် လူစုလူဝေးထဲ ကားဖြင့် ဝင်တိုက်၊ လူ ၃၀ ကျော် သေဆုံး

    တရုတ်တောင်ပိုင်းတွင် လူစုလူဝေးထဲ ကားဖြင့် ဝင်တိုက်၊ လူ ၃၀ ကျော် သေဆုံး

    -

    တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်ရှိ ဇူဟိုင်မြို့တွင် ကားမောင်းသူ အမျိုးသားတစ်ဦးက အားကစားကွင်းတစ်ခုတွင် လေ့ကျင်ခန်းပြုလုပ်လျှက်ရှိသည့် လူစုလူဝေးထဲ ဝင်တိုက်မှုကြောင့် လူ ၃၀ ဦးကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု တရုတ်နိုင်ငံသတင်းဌာနများ၌ ရေးသားဖော်ပြသည်။

    ယာဥ်မောင်သူသည် အသက် ၆၂ နှစ်အရွယ် ဖန် ဆိုသည့်အမည်ရှိသူအမျိုးသားဖြစ်ပြီး ၎င်းသည် အိမ်ထောင်ရေးပြတ်စဲမှုတွင် ပိုင်ဆိုင်မှုခွဲဝေမှုအပေါ်စိတ်မကျေနပ်ခြင်း ကြောင့် စစ်တပ်လေကြောင်းပြပွဲကျင်းပရန်ရှိနေသည့် ဇူဟိုင်မြို့က အားကစားကွင်း အပြင်ဘက်ရှိ လေ့ကျင့်ခန်းလုပ်နေသူများကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကားနှင့် ဝင်တိုက်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

    အဆိုပါ ကားတိုက်မှုကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ကာ ၄၃ ဦးထက်မနည်းဒဏ်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်ကူညီရေးအသင်းအဖွဲ့များမှ ဇူဟိုင်မြို့ ဆေးရုံ ၅ ခုသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

    ကားတိုက်မှုအပြီးတွင် တရုတ်ရဲတပ်ဖွဲ့က ကားဖြင့်ဝင်တိုက်သူ တရားခံ ကို ဓါးဒဏ်ရာများဖြင့် ဖမ်းဆီးမိခဲ့ပြီး ၎င်းကို ဆေးရုံတင်ထားရသည်ဟု တရုတ်ရဲတပ်ဖွဲ့ပြောဆိုချက်အရ သိရသည်။

    တရုတ်သမ္မတ Xi Jinping က “ဥပဒေအရ အပြစ်ပေးခြင်းကို တင်းကြပ်စွာ အရေးယူလုပ်ဆောင်ရမည်” ဟု နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ခဲ့ သည်ကို တွေ့ရသည်။

    ပြီးခဲ့သည့် စက်တင်ဘာတွင်ကလည်း Shandong ပြည်နယ်ရှိ ကျောင်းအပြင်ဘက်တွင် ကျောင်း သားများနှင့် မိဘများကို ဘတ်စ်ကားတစ်စီး ဝင်တိုက်ခဲ့ရာ ကျောင်းသားအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တရုတ်နိုင်ငံတွင် လုံခြုံရေးနှင့် ဥပဒေ အတားအဆီးတို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့မရှိသော်လည်း ယခုနှစ်တွင် ဓားဖြင့် တိုက်ခိုက်သည့် ဖြစ်ရပ်များ ပိုမိုတွေ့ရှိလာနေပြီး ပြည်သူများကလည်း စိုးရိမ်နေကြသည်ဟု တရုတ်နိုင်ငံ ဒေသတွင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks