spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ဦးစီးကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း သတိထားဆင်နွဲကြရန်လိုအပ်ဟု ဆို

    စစ်ကောင်စီ ဦးစီးကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း သတိထားဆင်နွဲကြရန်လိုအပ်ဟု ဆို

    -

    မွန်ပြည်နယ်တွင် နယ်မြေတည်ငြိမ်မှုရှိကြောင်းပြသရန်အတွက် ပြည်နယ်စစ်ကောင်စီမှ ဦးစီးကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း သတိထားဆင်နွှဲကြရန်လိုအပ်မည်ဟု မွန်ဒေသခံတို့က သတိပေးပြောဆိုမှုများ ရှိသည်။

    တော်လှန်ရေးအင်အားစုတို့ဘက်မှ ပွင့်လင်းရာသီအချိန်တွင် တိုက်ပွဲအရှိန်မြင့်တင်သွားမည်ဟု ပြောဆိုချက်များရှိနေသည့်အပြင် စစ်ကောင်စီဘက်မှလည်း တန်ဆောင်တိုင်ပွဲတော်ကို ရည်ရွယ်ချက်ရှိရှိနှင့် ကျင်းပနေခြင်းဖြစ်သည့်အတွက် ပွဲလမ်းသဘင်ကာလအတွင်း သတိထားဆင်နွှဲကြရန် သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

    “ဘယ်လိုပဲ ပွဲတော်တွေစည်းနေပါစေ လုံခြုံတယ်လို့ မခံစားနေရပါဘူး။ ဘာကြောင့် ဒီလိုပြောရ လဲဆိုတာက အခုချိန်က ပွင့်လင်းရာသီအချိန်ဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲကို ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ ဒီပွဲတော်အချိန်မှာ အခွင့်ကောင်းယူပြီးတော့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဒါကြောင့် သွားလာသတိထားကြပါ” ဟု ပြောသည်။

    ထိုအပြင် စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်ကာလကို ဗန်းပြပြီး လူဖမ်းပွဲများ ပြုလုပ်လာနိုင်ကြောင်းလည်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

    “သတိထားရမယ်ဆိုတဲ့အကြောင်းက ဘယ်နေရာပဲဖြစ်ဖြစ်ပါပဲ။ ပွဲလမ်းသဘင်နဲ့နီးလာလေလေ လက်နက်ကြီးအသံက နေ့တိုင်းကြားရလေလေပါပဲ။ အဓိကကတော့ လူငယ်တွေကိုပဲ ပြောချင် တယ်၊ အသွားလာသတိထားကြပါ။ ဘယ်လိုပဲ မုဒုံမှာလုံခြုံတယ်လို့ပြောပြော သူတို့ (စစ်ကောင်စီ) စစ်ဆေးရေးဂိတ်တွေနဲ့ ဆုံသွားခဲ့ရင် အပြစ်တစ်ခုခုရှာပြီးတော့ သူတို့ဖမ်းကောင်း ဖမ်းသွားနိုင်တယ်။ အဲ့တာက ဘယ်သူမှကြိုပြောလိုမရဘူး” ဟု ပြောပြန်သည်။

    စစ်ကောင်စီက ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကို ပွဲလမ်းသဘင်များနှင့် စည်းကားမှုရှိအောင် လက်အောက်ခံ အုပ်ချုပ်ရေးမှုးအဖွဲ့တို့ကို ဖိအားပေး လုပ်ဆောင်စေပြီး လုံခြုံရေးအပိုင်း တွင်လည်း ပါဝင်ဆောင်ရွက်ပေးနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရ သည်။

    “ရှင်းရှင်းပြောရရင် ဒီမော်လမြိုင်မြို့ပေါ်မှာက ပွဲတော်တစ်ခုထဲမဟုတ်ဘူး စည်းကားနေတာ။ တန်ဆောင်တိုင်ပွဲတော်အတွက်အမည်ခံပြီးတော့ လောင်ကစားဝိုင်းတွေလည်း တော်တော်ကို စည်းကားနေတယ်။ ဒီပွဲတော်အတွက်ကိုလည်း စကစတပ်ဖွဲ့တွေက လုံခြုံရေးအပိုင်းမှာ တာဝန် ယူပေးနေတာက အတော်ကောင်းနေတယ်။ ဒီပွဲတော်ဖြစ်မြောက်ဖို့အတွက်က သူတို့တကယ် ကြိုးစား ပမ်းစားဆောင်ရွက်ပေးနေတယ်” ဟု ပြောသည်။

    ယမန်းနှစ်၏ သင်္ကြန်ပွဲတော်ကာလအတွင်းကလည်း စည်ကားမှုရှိအောင် လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို မဖြစ်မနေမဏ္ဍပ်ဆောက်လုပ်ခိုင်းပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်းထမ်းအချို့အား အပြင်ဝတ်စုံ ဝတ်ဆင်စေ၍ မဏ္ဍပ်ရှိရာသို့ မဖြစ်မနေလာရောက်ခိုင်းကာ စည်ကားသည့်ပုံစံနှင့် ဖန်တီးခဲ့ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks