spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးများကို စီးပွားရေးလုပ်ငန်းရှင်နှင့် လက်နက်ကိုင်အဖွဲ့အချို့က သယ်ယူပို့ဆောင်နေဟု ဆို

    မူးယစ်ဆေးဝါးများကို စီးပွားရေးလုပ်ငန်းရှင်နှင့် လက်နက်ကိုင်အဖွဲ့အချို့က သယ်ယူပို့ဆောင်နေဟု ဆို

    -

    ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အချို့တို့ ပူးပေါင်းပြီး ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများ သယ်ယူပို့ ဆောင်နေကြသည်ဟု မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ဘုရားသုံးဆူမြို့က မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအတွင်းသို့လည်ကောင်း မြန်မာနိုင်ငံအနှံ့ အပြားတွင်လည်းကောင် သယ်ယူပို့ဆောင်လျှက်ရှိကြပြီး လက်ရှိ မြို့ပေါ်တွင်လည်း မူးယစ်ဆေးဝါး အများအပြား သောင်တင်နေသည်ဟု ဆိုသည်။

    “စီးပွားရေးလုပ်ငန်းရှင်တွေက လက်နက်ကိုင်အဖွဲ့တွေကို မှီခိုအားကိုးပြီး ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်ဖို့ ပြင်ဆင်နေတယ်။ ဘယ်အဖွဲ့အစည်းကိုတော့ မပြော တော့ဘူး။ လောလောဆယ် အဲဒီပစ္စည်း (ဘိန်း၊ မူးယစ်ဆေး) တွေက ဘုရားသုံးဆူမှာ အများကြီး သောင်တင်နေတယ်။ တခြားဒေသကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်” ဟု ဘုရားသုံးဆူမြို့ရှိ IMNA သတင်းအရင်းအမြစ်က ပြောသည်။

    ဘုရားသုံးမြို့တွင် သောင်တင်နေသည့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးများကို မြို့ ပေါ်အတွင်း ဖြန့်ဖြူးရောင်းချသွားမည်မဟုတ်ဘဲ တစ်ခြားနယ်မြေဒေသများသို့ကိုသာ သယ်ယူပို့ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း ဆိုသည်။

    ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဂိတ် တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသော်လည်း တရားမဝင် ကုန်ပစ္စည်းအချို့အပါအဝင် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရန်နှင့် တရားမဝင် ရွှေ့ပြောင်းလုပ်ငန်းလုပ်ကိုင်သူများ အလွယ်တကူ ဝင်၊ ထွက်သွားလာနိုင်သည့် မှောင်ခိုလမ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေသည်။

    “ဘုရားသုံးဆူမြို့ကတစ်ဆင့် ဘိန်းဖြူတွေနဲ့ တခြားမူးယစ်ဆေးတွေကို ထိုင်းဘက်တွေလည်း သူတို့သယ်ယူပို့ဆောင်နေကြတာ ရှိတယ်။ ပြီးတော့ မြန်မာပြည်ဘက်ကိုလည်း ပို့ဆောင်နေကြ တယ်။ ဒီအတိုင်းသာဆိုရင် (ဘုရားသုံးဆူမြို့ရဲ့) အခြေအနေတွေက ဒီထက် ပိုဆိုးလာဖို့ပဲရှိမယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေအရ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ ဝင်ရောက်လာ သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည့် ဘုရားသုံးဆူမြို့တွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ PC၊ မွန်ပြည်သစ်ပါတီ NMSP၊ နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ စစ်ကောင်စီတပ်စသည့် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေသော်လည်း မြို့ကို ထိန်းချုပ်ထားသည်မှာ ဗိုလ်မှုးကြီးစောအေဝမ်း ဦးဆောင်သည့် DKBA လက်နက်ကိုင် အဖွဲ့သာဖြစ်သည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

    တစ်ဖက်တွင်လည်း ယခုနှစ် မေလကစတင်ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင် ရေးအတွက် အခြားဒေသမှ ဝ၊ ကိုးကန့်၊ လီဆူစသည့် လူမျိုးများအပါအဝင် တရုတ်နိုင်ငံသား အများအပြားလည်း ဘုရားသုံးဆူမြို့ကို ဦးတည်ပြောင်းရွှေ့လာကြသည်ဟု ဆိုသည်။

    “အဲဒီပစ္စည်း (ဘိန်း၊ မူးယစ်ဆေး) တွေကို လက်နက်ခဲယမ်းတွေနဲ့လည်း လဲလှယ်ကြတာရှိတယ်၊ ဒီဒေသက လူတွေက ဒီလိုမျိုး ပြစ်ဒဏ်ကြီးမားတဲ့ အလုပ်မျိုးကို လုပ်တဲ့လူ မရှိပါဘူး။ အဲဒီလို လုပ်ရဲတဲ့သူတွေက အင်အားကြီးတဲ့ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ကို မှီခိုအားကောင်းတဲ့လူတွေကပဲ ဖြစ်တယ်” ဟု အထက်ပါ IMNA သတင်းအရင်းအမြစ်က ပြောပြသည်။

    မြန်မာနိုင်ငံအတွင်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့်အချိန်၌ မူးယစ်ဆေးဝါးသယ်ဆောင်နိုင်သည့် လမ်းကြောင်းများ ပိုမိုကျယ်ပြန့်လာသလို မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဖြန့်ဖြူးရောင်းချသူများလည်း ပိုမိုများပြားလာသည်ဟု မူးယစ်ဆေးဝါးအရေးဆောင်ရွက်နေသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks