spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဆီဆိုင်မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် တစ်ဦး သေဆုံး

    ဆီဆိုင်မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် တစ်ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ၊ မော်လမြိုင်-မုဒုံလမ်းဘေးရှိ မင်းသန့်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူများအနက် ဆီဘောက်ဆာယာဉ်မောၚ်း သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ယမန့်နေ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မင်းသန့်ဆီဆိုင်အနောက်ဘက်ရှိ ဆီလှောင်ကန်ပေါက်ကွဲရာမှ ဆီဆိုင်မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

    မီးဝိုင်းဝန်းငြိမ်းသတ်နေချိန်တွင် ဆီဘောက်ဆာယာဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည့်အတွက် မီးသတ်သမား ၈ ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးနှင့် ဆီဆိုင်ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု လူမှုကယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

    ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရပြီး ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ မီးလောင်ကျွမ်းမှု ပြင်းထန်ဒဏ်ရာရှိခဲ့သည့် ဆီဘောက်ဆာယာဉ် သေဆုံးသွားခဲ့သည်။

    “မီးလောင်ဒဏ်ရာရသွားတဲ့ မင်းသန့်ဆီဆိုင်က ဆီဘောက်ဆာတွဲကား ယာဉ်မောင်းက ဆေးကုသနေစဉ်မှာ ရရှိထားတဲ့ဒဏ်ရာနဲ့ ဒီမနက်ပိုင်းမှာ ဆုံးသွားတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    မင်းသန့်ဆီဆိုင်မီးလောင်မှုကို မော်လမြိုင်နှင့် မုဒုံမြို့နယ်အတွင်းက မီးသတ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နှစ်နာရီကျော်အကြာ ည ၇ နာရီကျော်ဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ပြီး ည၁၀နာရီခန့်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနထံမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks