spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအာယုတောင်ဘက်တွင် ခြံသွားလာမှု မပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေးထား

    အာယုတောင်ဘက်တွင် ခြံသွားလာမှု မပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေးထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအနီးနားတစ်ဝိုက်တွင် ဥယျာဉ်ခြံ အသွားအလာမပြုလုပ်ကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သတိပေးထားကြောင်း ဒေသခံ ခြံလုပ်ငန်းလုပ်ကိုင်သူတို့ထံ သိရသည်။

    အာယုတောင်ကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းဘက်က ဒေသခံများ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ဥယျာဉ်ခြံ သွားလာခြင်းမလုပ်ရန် သတိပေးထားပြီး မည့်သည့်အကြောင်းကြောင့် ယခုလို ကန့်သတ်လိုက်သည်ကိုတော့ အတိအကျ ပြောကြားထားခြင်းမရှိကြောင်း ဒေသခံတို့က ဆိုသည်။

    တော်လှန်ရေးတပ်ဖွဲ့တို့၏ သတိပေးချက်ကြောင့် လတ်လလောတွင် ဒေသခံများ ခြံလုပ်ငန်း ရပ်နားထားရသည်ဟု အာယုတောင်ဒေသခံတစ်ဦးက ဆိုသည်။

    “ရွာသစ်၊ ရွာကလေး၊ တောင်စွန်းအဲ့ဘက်ခြံတွေကို တော်လှန်ရေးအဖွဲ့တွေက ခြံထဲမပေးဝင်သေးဘူး။ ၁၀ ရက်လို့ သူတို့သတ်မှတ်ထားတယ်။ ဒီဆယ်ရက်အတွင်းမှာ ခြံထဲမဝင်လာဖို့သူတို့ပြောထားသည်။ အဲ့ကြောင့် ရွာခံတွေကလည်း ခြံကိုရပ်ထားလိုက်ရတာ” ဟု ၎င်းက ပြောသည်။

    အာယုတောင်နှင့် အနီးနားတစ်ဝိုက်က ရွာသစ်၊ ရွာကလေး၊ တောင်စွန်းကျေးရွာဘက်ခြမ်းတွင် ရေးဘီးလူးနှင့် ပဒဲကောအဖွဲ့တို့က မြေပြင်လှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်လာနေကြောင်း ဒေသခံတို့က ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့ဘက်က လှုပ်ရှားမှုရှိလာခြင်းကြောင့် လင်းဦးခေါင်းဆောင်သည့် အယုတောင်ပြည်သူ့အဖွဲ့ကလည်း ကျေးရွာအတွင်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသည်ဟုလည်း ပြောသည်။

    ၎င်းပြင် အာယုတောင်အခြေစိုက် စစ်ကောင်စီ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်ရင်းတို့မှလည်း လက်နက်ကြီးဖြင့် နေ့တိုင်းလိုလို ရမ်းသမ်းပစ်ခတ်နေသည်။

    “လင်းဦး (ပြည်သူ့စစ်အဖွဲ့) အဖွဲ့ကလည်း ရွာအဝင်နေရာတွေမှာ စစ်ဝတ်စုံအပြည့်နဲ့ စစ်ဆေးမှုတွေ လုပ်လာတယ်။ ဒေသခံတွေက ဘယ်သွားသွား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့နေတဲ့အခြေနေ။ သူတို့ဘက်က ဘာမလုပ်ရင်တောင် လက်နက်အပြည့်နဲ့ စစ်ဆေးနေတော့ ဘယ်သူပဲဖြစ်ဖြစ် ကြောက်ကြတာပဲ” ဟု အထက်ပါဒေသခံက ဆက်ပြေသည်။

    ရော်ဘာ‌စျေးကောင်းချိန်တွင် ရော်ဘာလုပ်ငန်း ရပ်နားထားရသည်ရှိသလို အချို့ဒေသတွင် စစ်ရေးပဋိပက္ခကြောင့် ရော်ဘာလုပ်ငန်း မစနိုင်သည့်အခြေအနေကြောင့် ရော်ဘာကို စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေရသည့် ဒေသခံများအတွက် နစ်နာမှုရှိသည်ဟု ခြံလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။

    အာယုတောင်ရွာသည် ပြည်သူ့စစ်အင်အားကောင်သည့်ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီမှ ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးထားကာ အာယုတောင်နှင့် အနီးနားရှိကျေးရွာများတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်စေပြီး ငွေကြေးကောက်ခံမှုများ လုပ်ဆောင်စေခဲ့သည်။

    အဆိုပါ ပြည်သူ့စစ် စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

    တဘက်တွင်လည်း မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပွင့်လင်းရာသီကာလတွင် တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်တည်ရှိရာကင်စခန်း၊ တပ်စခန်းအနီးနား နေထိုင်ခြင်းကို ရှောင်ရှားကြရန် စစ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးတိုက်တွန်းထားသည်လည်းရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks