spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

    မွန်ပြည်နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

    -

    မွန်ပြည်နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး တစ်ရက်လျှင် လျှပ်စစ်မီး ၃/၄ နာရီသာ ရရှိနေသည်ဟု သုံးစွသူတို့ထံမှ သိရသည်။

    ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်အတွက် နိုဝင်ဘာလ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည့်အစီအစဉ်တွင် တစ်ရက် ၆ နာရီပေး ၆ နာရီခြားဖြင့် အလှည့်ကျ ဖြန့်ဖြူးသွားရန် လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။

    တစ်ရက် ၆ နာရီပေး ၆ နာရီခြားဖြင့် အလှည့်ကျ ဖြန့်ဖြူးသွားရန် ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် တစ်ရက် ၃ နာရီနှင့် ၄ နာရီဝန်းကျင်ခန့်သာ လျှပ်စစ်မီးရရှိနေကြောင်း ဝန်းအားလျှော့ချထားခြင်းကြောင့် သုံးစွဲ၍ မရသည့်အခြေအနေရှိကြောင်း သံဖြူဇရပ်မြို့နယ်အတွင်းက သုံးစွဲသူတို့ထံမှ သိရသည်။

    “ကျွန်မတို့ရွာမှာတော့ နေ့လည်ပိုင်း တစ်ခါမှမပေးဘူး။ အခုဆိုရင် ည ၆ နာရီကနေ ၉ နာရီထိပဲ ပေးတော့တာ။ တစ်နေ့ကို ၃ နာရီဝန်းကျင်လောက်ပဲ ရတော့တယ်။ ၃ နာရီကို တခါတည်းပေးတာဆိုတော့ အခက်အခဲမရှိပေမယ့် ပေးတဲ့အချိန်က အရမ်းနည်းလွန်းတယ်။ သုံးလို့လည်းမရဘူး” ဟု သံဖြူဇရပ်နယ်အတွင်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

    လျှပ်စစ်မီး တစ်ရက် ၃ နာရီ၊ ၄ နာရီဝန်းကျင်သာ ရရှိနေသည့်အပြင် အသုံးပြ၍မရသည့်အတွက် အသေးစားလုပ်ငန်းများနှင့် သုံးစွဲသူများအတွက် အခက်အခဲ ကြုံတွေ့ရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာသည့်အတွက် အသေးစားလုပ်ငန်းများ မီးစက်အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရသလို အိမ်သုံးများအတွက်လည်း ဆိုလာ၊ ဘက်ထရီနှင့် ချက်ပြုတ်ရန်အတွက် ထင်း၊ မီးသွေး၊ ဂက်စ်တို့ကို ပြောင်းလဲအသုံးပြုလာကြရသည်။

    “ဒီအခြေအနေတွေက ကြာနေပြီးဆိုတော့ အကုန်လုံးက ပြင်ဆင်ထားတာပေါ့။ သူ့မီးစက်နဲ့ သူ။ တချို့က ဆိုလာ ဝယ်ထားကြတယ်။ မီးမလာရင် မီးစက်နှိုးပေါ့။ ထင်း၊ မီးသွေးတို့ စုရတာပေါ့။ မီးမလာရင်လည်း အရင်ကလောက် ပြာယာမခက်တော့ဘူး” ဟု မုဒုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓါတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိသော်လည်း လက်ရှိတစ်ရက်လျှင် မဂ္ဂါဝပ် ၂၈၀၀ သာ ထုတ်လုပ်နိုင်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ၅၀ ရာခိုင်နှုန်းခန့်သာ မီးပေးနိုင်ကြောင်း ၂၀၂၄ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks