spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကောလိပ်နှင့် Purdue တက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုးခဲ့

    မွန်အမျိုးသားကောလိပ်နှင့် Purdue တက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုးခဲ့

    -

    မွန်အမျိုးသားကောလိပ်နှင့် အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်တို့ အဆင့်မြင့်ပညာရေး ပူးပေါင်းမှုအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

    လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် Purdue တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

    လာမည့် ဒီဇင်ဘာလ ဒုတိယအပတ်၌လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်နှင့်လည်း နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။

    ၎င်းပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်နှင့်လည်း အဆင့်မြင့်ပညာရေးပူးပေါင်းမှု နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးထားခဲ့ပြီးဖြစ်သည်။

    မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာတက္ကသိုလ် ၄ ခုနှင့် အဆင့်မြင့်ပညာရေးပူးပေါင်းမှု နားလည်မှုစာချွန်လွှာ MOU ရေးထိုးရန် စီစဉ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks