spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်၊ ကရင်၊ တနသာႅရီတွင် တိုက်ပွဲကြောင့် တစ်လအတွင်း အရပ်သား ၃၅ ဦး သေဆုံး၊ ၉၅ ဦး ဒဏ်ရာရ

    မွန်၊ ကရင်၊ တနသာႅရီတွင် တိုက်ပွဲကြောင့် တစ်လအတွင်း အရပ်သား ၃၅ ဦး သေဆုံး၊ ၉၅ ဦး ဒဏ်ရာရ

    -

    မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်၊ ကရင်၊ တနသာႅရီတိုင်းဒေသကြီးတို့တွင် တိုက်ပွဲကြောင့် အောက်တိုဘာလအတွင်း ဒေသခံအရပ်သားပြည်သူ ၃၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၅ ဦးအထိ ရှိခဲ့သည်ဟု မွန်ပြည်လူအခွင့်အရေး ဖောင်းဒေရှင်း (HURFOM) ၏ နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်လတာအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုး စီးနင်းမှုနှင့် ဒရုန်းဖြင့် ဗုံးကြဲချမှုတို့ကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ကြရသည်ဟု ဆိုသည်။

    “တိုက်ပွဲက ကျနော်တို့ focus ထားတဲ့ ဒေသတွေမှာ ကြာအင်းဆိပ်ကြီး၊ အနန်းကွင်း၊ ကော့ကရိတ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ ထားဝယ်၊ ပုလော၊ မြိတ်တို့ဘက်မှာ အဖြစ်များတယ်၊ ရေးဘက်မှာလည်း တစ်ခါတစ်လေ တိုက်ပွဲငယ်တွေ ဖြစ်တာရှိတယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်းဒေးရှင်း HURFOM တာဝန်ရှိသူ နိုင်အဲမွန်က ပြောသည်။

    မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထို၊ ပေါင်၊ သထုံမြို့နယ်တို့တွင် တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဘက်တွင်လည်း လက်နက်ကိုင်တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်

    ထို့အပြင် တနသာႅရီတိုင်းဒေသကြီး ထားဝယ်၊ ပုလော၊ မြိတ်မြို့နယ်တို့တွင်လည်း စစ်ကောင်စီ က နေ့စဉ် စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် ရက်ရှည်တိုက်ပွဲများ ပြင်းထန်နေကာ ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    “ထားဝယ် တောင်ပိုင်းဘက်မှာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့်ပါ၊ အဲဒီဒေသတွေမှာ စစ်ကောင်စီက လုံးဝလက်မလွတ်နိုင်သေးဘူး ၊ အခုအခြေအနေမှာ တော်လှန်ရေးဘက်ကလည်း အဖွဲ့အစည်းတွေ ပိုများလာတယ်၊ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း များတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    တဖက်တွင်လည်း တနသာႅရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ တနသာႅရီနှင့် ပုလောမြို့နယ် တို့တွင် စစ်ကောင်စီတပ်က အင်တာနက်လိုင်းဖြတ်တောက်ခြင်း၊ စစ်ဘေးရှောင်နေအိမ်များကို ဖောက်ထွင်းသည့်အပြင် ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့်တို့ကို တင်းကျပ် ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်များ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

    ကုလသမဂ္ဂ လူသားချင်းစာနာမှူဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းခန့် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks