spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းသိမ်ဇရပ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

    သိမ်ဇရပ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့ ည ၇ နာရီအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး၊ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    လက်နက်ကြီးသည် သိမ်ဇရပ်မြို့၊ မြရတနာရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်တွင် ရှိနေသည့် အသက် ၇၀ နှစ်အရွယ် ဒေါ်ခင်မြင့်ဆိုသူသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာနှင့် ဝမ်းဗိုက်လက်နက်ကျည်စဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    ၎င်းပြင် ဒေါ်ခင်မြင့်နှင့် အတူရှိနေသည့် ဒေါ်ခင်မြင့်၏ မြေးဖြစ်သူ အသက် ၁၅ နှစ်ဝန်းကျင် မလဲ့လဲ့စံဆိုသူလည်း လက်နှင့် ပေါင်တို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ (မစိုးရိမ်) များ ရရှိခဲ့သည်။

    “ညက လက်နက်ကြီးကျသွားတဲ့ထဲမှာ မြေးအဖွားနှစ်ဦး ထိသွားတယ်။ အဖွားဖြစ်သူကတော့ ဆုံးသွားတယ်။ သူ့မြေးကတော့ ကျည်စမှန်သွားတယ်။ အခုတော့ ဆေးရုံမှာလို့ ပြောတယ်” ဟု သိမ်ဇရပ်ဒေသခံတစ်ဦးက ပြောသည်။

    လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် မလဲ့လဲ့စံကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့က ပြောသည်။

    သိမ်ဇရပ်မြို့ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်များမှာတော့ KNU/PDF က ပစ်ခတ်သည့်လက်နက်ကြီးဟု ရေးသားဖော်ပြနေသော်လည်း ဒေသခံတို့က စစ်ကောင်စီတပ်ရင်းက ပစ်ခတ်သည့်လက်ကြီးဟု ပြောဆိုနေကြသည်။

    သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်တို့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိဖြင့် လူနေကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သိမ်ဇရပ်အခြေစိုက် အမြှောက်တပ် ၃၁၀ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲမှုကြောင့် သိမ်ဇရပ်မြို့က အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks