spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမီးဖိုချောင်သုံးဂတ်စ် အသုံးပြုသူများလာလို့ ရောင်းအားကောင်းလာ

    မီးဖိုချောင်သုံးဂတ်စ် အသုံးပြုသူများလာလို့ ရောင်းအားကောင်းလာ

    -

    မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပုံမှန်မရတာ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံနေခြင်းကြောင့် မီးဖိုချောင်သုံးဂတ်စ် အသုံးပြုသူများလာပြီး ရောင်းအားကောင်းလာသည်ဟု ဂတ်စ်ရောင်းချနေသူတို့ထံမှ သိရသည်။

    ကျပ်ငွေတန်ဖိုးပြန်တက်လာသည့်အခြေအနေတွင်လည်း ဂတ်စ်ဈေးနှုန်းပြန်ကျလာကြောင်း ပြီးခဲ့သည့် အောက်တိုဘာလက ဂတ်စ်တစ်ပိဿာ ၁၂၀၀၀ ကျပ်ရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း တစ်ပိဿာ ၉၀၀၀ ကျပ်ထိ စျေးကျလာသည်ဟု ဆိုသည်။

    လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ဖြတ်တောက်ခြင်း၊ မီတာခဈေး နှစ်ဆခန့် မြင့်တက်လာခြင်းကြောင့် လျှပ်စစ်မီးအစား ဂတ်စ်ကိုသာ အသုံးပြုလာကြသည်ဟု မော်လမြိုင်မြို့က ဂက်စ်ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

    “အရင်လကဆို ပစ္စည်းပြတ်လပ်တာတွေရှိတယ် ဝယ်မရတာ ရှိတယ်။ ပစ္စည်းပြတ်တာ ဈေးနှုန်းပါ လိုက်တက်နေတယ်။ ဈေးနှုန်းကလဲ မတည်ငြိမ်တော့ ကုမ္ပဏီကနေ မရောင်းပေးဘူး။ အခုက လိုသလောက်ရတယ်။ ပုံမုန်ပြန်ဖြစ်နေပြီ။ လျှပ်စစ်မီးတွေ ပြတ်တောက်ရင်‌ ဂတ်စ်သုံးတဲ့သူတွေ ပိုများလာတာပေါ့။ အဓိကကတော့ ဈေးနှုန်းကျရင် ပိုပြီး‌ ရောင်းကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်တွင် ထိုင်းမှ တင်သွင်းသည့် ဂက်စ်နှင့် ဂက်စ်အပိုပစ္စည်းများကို အဓိက အသုံးများပြီး ထိုင်းဘတ်‌စျေး တည်ငြိမ်‌နေခြင်းနှင့် ပွင့်လင်းရာသီတွင် ပိုပြီး အရောင်းအဝယ်သွက်လာသည်ဟု ဆိုသည်။

    ဂက်စ်အရောင်းဆိုင်များကို ကုမ္ပဏီဘက်က ဖြန့်ဖြူးပေးသည့်နှုန်း နည်းသွားခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက အိမ်သုံး၊ ဆိုင်သုံးဂက်စ်ဟုခေါ်သည့် ရေနံဓါတ်ငွေ့ရည် LPG gas အဆမတန်စျေးမြင့်တက်ပြီး ဆိုင်အများစု ပစ္စည်းပြတ်ခဲ့သေးသည်။

    မီးဖိုချောင်သုံးအဖြစ် ဂက်စ်ကို လျှပ်စစ်မီးအစား အတည်တကျအသုံးပြုရန်လည်း စျေးကွက်တွင် ဂတ်စ် မကြာခဏ ပြတ်တက်သည့်အတွက် အခြားသော လောင်စာများဖြစ်သည့် မီးသွေး၊ ထင်းတို့ကိုလည်း ဝယ်ယူ စုဆောင်းထားရသည်ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

    “ဂတ်စ်ဈေးတက်နေရင်လဲ ထည့်ရတာပေါ့။ အခုလို ဈေးကျတော့ ပိုပြီးကောင်းတာပေါ့။ ဒါပေမဲ့ ခဏနေဝယ်ရ ခဏနေ ဝယ်မရဆိုတော့ ချက်ပြုတ်ဖို့က ထင်းရော၊ မီးသွေးရော အကုန်ဆောင်ထားရတယ်။ အဲတာတွေလည်း ဈေးအကုန်တက်တာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ် သက်သာတဲ့ဘက်ကမရှိပါဘူး။ တက်ရင် အများကြီး ဈေးပြန်ကျတာရင် နည်းနည်းပဲ” ဟု အထက်ပါ အိမ်ရှင်မက ပြောသည်။

    လက်ရှိတွင် မီးဖိုချောင်သုံး လောင်စာများဖြစ်သည့် မီးသွေးတစ်အိတ် ၁၇၀၀၀ ကျပ်ရှိပြီး အရွယ်အစားအပေါ်မူတည်၍ ထင်းတစ်စည်း ၁၅၀၀ ကျပ်အထိ ဈေးရှိနေသည်ဟု သိရသည်။

    စစ်ကောင်စီ မော်လမြိုင်လျှပ်စစ်ဓါတ်အားပေးရုံးမှ နိုဝင်ဘာလအတွက် လျှပ်စစ်ဓါတ်အားပေးအချိန်ဇယားအရ ချောင်းဆုံ၊ မုဒုံနှင့် သံဖြူဇရပ်တို့ကို တစ်ရက်လျှင် ပျမ်းမျှ ၅ နာရီနှုန်းဖြင့် လျှပ်စစ်ဓါတ်ဖြူးသွားမည်ဆိုသော်လည်း ပုံမှန်အားဖြင့် ရပ်ကျေးအဆင့်တို့တွင် လျှပ်စစ်ဓါတ်အားရရှိမှု ပိုနည်းကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks