spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်ပွား

    ပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်နှင့် အလှပ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်နေသည်ဟု ဒေသခံနှင့် မြို့နယ် စစ်ကောင်စီ ကျန်းမာရေးဌာနတို့ထံမှ သိရသည်။

    ဝဲပတန်နှင့် အလှပ်ကျေးရွာရှိ ရေလုပ်သားများ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားခဲ့ကြောင်း ဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား ၈၀ နီးပါး ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရကြောင်း ဆိုသည်။

    “ဆေးရုံတက်ရတာက ၇၆ ယောက်ရှိတယ်။ ၄၉ ယောက်က သက်သာလာလို့ ဆေးရုံကဆင်းသွားပြီ။ ရောဂါပြင်းထန်တဲ့ လူနာတစ်ယောက်ကိုတော့ ပေါင်မြို့နယ် ဆေးရုံကို လွှဲပေးထားတယ်။ ဆေးရုံမတက်ရပဲ၊ အိမ်မှာကုတာတို့ ဆေးခန်းမှာ ကုနေတာက အယောက် ၁၀၀ ကျော်ရှိတယ်” ဟု မြို့နယ် ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဓါတ်ခွဲခန်း စစ်ဆေးချက်အရ ဝဲပတန်နှင့် အလှပ်ကျေးရွာမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသူတို့သည် မသန့်ရှင်းသောရေနှင့် အစားအစာကြောင့် စတင်ဖြစ်ပွားခဲ့သည်ဟု ကျန်းမာရေးဌာနက မှတ်ချက်ပြုထားကြောင်း ဆိုသည်။

    “ရေလုံအိမ်သာမရှိတာရယ်၊ သောက်သုံးရေမသန့်ရှင်းတာရယ်ကြောင့်လို့ ပြောတယ်။ ဓာတ်ခွဲခန်းကို ရေနမူနာပို့တော့ ရေကန်က positive ထွက်လာတယ်။ ပင်လယ်ထွက် ရေလုပ်သားတွေဖြစ်တယ်။ အိမ်မှာနေလည်း ဖြစ်တဲ့သူရှိတယ်။ ဒီနေ့ထိက အလှပ်တိုက်နယ် ဆေးရုံကို ဝမ်းရောဂါနဲ့ ရောက်လာတဲ့လူနာတွေ ရှိနေတယ်” ဟု အထက်ပါ မြို့နယ် ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပေါင်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ဆက်ရှိနေသော်လည်း လက်ရှိအချိန်ထိ ဝမ်းရောဂါကြောင့် လူသေဆုံးမှု မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။

    ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာအပြင် ကျားဘိုကျေးရွာရှိ ရေတွင်း၊ ရေကန်များကို ကလိုးရင်း ဆေးခပ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေး ဌာနအဖွဲ့တို့က လုပ်ဆောင်ပေးနေကြောင်း မြို့ခံတို့က ပြောသည်။

    ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ကျိုက္ခမီနှင့် ရေးမြို့နယ်အတွင်းက ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ရေလုပ်သား ၇ ဦးသေဆုံးခဲ့ရပြီး ရာနှင့်ချီသည့် ရေလုပ်သားများ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks