spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲပြန်ပြင်းထန်နေ

    ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲပြန်ပြင်းထန်နေ

    -

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ရှမ်း-ကယားနယ်စပ်ရှိ ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

    အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး ပင်လောင်းမြို့နယ်ရှိ နမ့်ဖာမူး၊ ဗန်းမောက်၊ နမ့်ဖာမူအောက်ရှိ ဟိုဝိုး၊ လွယ်ကျိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်က ကရင်နီကို စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့အခြေအနေမှာ ကျွန်တော်တို့က ကြားဖြတ်တိုက်ခိုက်တာပါ။ အဲဒီကစပြီး တိုက်ပွဲ ဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့ PNO (ပအိုဝ်းပြည်သူ့စစ်)တွေပါတယ်။ သူတို့ဘက်က စစ်ကြောင်းရပ်သွားပြီးတော့ ဒရုန်းတွေနဲ့ ရှေ့တိုးဖို့ ဆက်ပြီးလုပ်လာတာတွေရှိပါတယ်” ဟု ပြောသည်။

    တိုက်ပွဲအတွင်း ဒေသခံအချို့ ကျည်ထိမှန်သေဆုံးသွားသည်ရှိသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု စစ်ဘေးရှောင်အရေးလုပ်ဆောင်နေသူတို့က ပြောသည်။

    ၎င်းပြင် တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    “အများစုက မြို့ပေါ်ကို ပြေးကြတာပေါ့။ တချို့ကလည်း နီးစပ်ရာကိုပဲ ရှောင်ကြတယ်။ စစ်တပ်က ရမ်းပြီးပစ်နေတော့ လယ်တွေထဲမှာလဲ မနေရဲကြတော့ဘူး။ ရွာတွေကိုလဲ မီးရှို့နေတယ်။ အားလုံးပြေးကြရတယ်။ တချို့လဲ လက်နက်ကြီးမှန်ပြီး ဆုံးသွားတာတွေရှိတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ တိုက်ပွဲအတွင်း အသက် ၁၀ နှစ်အောက်ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆိုသည်။

    လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း ဝင်ရောက်နိုင်ရန် စစ်ကောင်စီဘက်က ဆက်လက် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks