spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား သေဆုံးမှု ဆက်ရှိနေသော်လည်း သတင်းမထုတ်ပြန်

    ဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား သေဆုံးမှု ဆက်ရှိနေသော်လည်း သတင်းမထုတ်ပြန်

    -

    မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး အသက်သေဆုံးမှု ထပ်တိုးရှိနေသော်လည်း ရေလုပ်ငန်းရှင်တို့က သတင်းထုတ်ပြန်ခြင်းမရှိပဲ သတင်းပိတ်ထားကြောင်း ရေလုပ်သားနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    စက်တင်ဘာလအတွင်းက ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့သည့် ကျိုက္ခမီမြို့တွင် ရေလုပ်သား ၆ ဦး သေဆုံးခဲ့ရကြောင်း ပြေပြင်တွင် ၎င်းအရေအတွက်ထက် ပိုများကြောင်း ကျိုက္ခမီမြို့ခံတို့ထံမှ သိရသည်။

    ပင်လယ်ပြင်တွင် ရေလုပ်သား သေဆုံးမှုကို ရေလုပ်ငန်းရှင်တို့က သတင်းပိတ်ပင်ထားသည့်အပြင် စစ်ကောင်စီ ကျန်းမာရေးအဖွဲ့တို့ကလည်း ထိရောက်သည့် စစ်ဆေးခြင်းမရှိကြောင်းလည်း ဆိုသည်။

    ပင်လယ်ပြင်တွင် သေဆုံးသည့် ရေလုပ်သားများသည် တရားမဝင် လိုင်စင်မဲ့လှေက လုပ်သားများဖြစ်သည့်အပြင် လုပ်ငန်းအကျိုးစီးပွား ဆုံးရှုံးနစ်နာမှုမရှိလိုခြင်းကြောင့် လုပ်ငန်းရှင်တို့က သတင်းပိတ်ပင်ထားသည်ဟု ကျိုက်ခမီရေလုပ်ငန်းရှင်တို့နှင့် နီးစပ်သည့် သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

    “လိုင်စင်မဲ့လှေတွေမှာ သေတာတွေက ရှိတယ်။ လိုင်စင်မဲ့လှေမှာလိုက်ရင် လူကိုပြစရာမလိုတော့ဘူးလေ။ ဒီလူသည် သေသေရှင်ရှင် ဘာမှပြောစရာမလိုတော့ဘူး။ လွဲနေတာပေါ့ဗျာ ဖုံးချင်ဖိချင်နေတာတွေများနေတော့။ လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွား မထိခိုက်ချင်ဘူးလေ” ဟု ၎င်းက ပြောသည်။

    လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောကြောင့် အသက်သေဆုံးခဲ့ရသည့် ရေလုပ်သား ၇ ဦးရှိပြီး၊ ပင်လယ်ပြင်အတွင်း သေဆုံးခဲ့ရသည့် ရေလုပ်သား အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ဝမ်းပျက်ဝမ်းလျှောကူးစက်ခံနေရသည့် ရေလုပ်သားနှင့် မိသားစုဝင်များကို ထိရောက်သည့် ကုသ၊ ကာကွယ်ရေး အလုံအလောက်မရရှိသည့်အပြင် ပင်လယ်ပြင်တွင် သေဆုံးသွားသည့် ရေလုပ်သားများကိုလည်း စနစ်တကျ လုပ်ဆောင်စေလိုကြောင်း ရေးမြို့က ရေလုပ်သားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “အရင်က ကျိုက်ခမီမှာ Lock down ခတ်ထားတော့ ပင်လယ်ကနေ သေဆုံးလာတဲ့ လူနာတွေကို ဓမင်းဆိပ်ကနေပဲ တက်လာတယ်။ အဲ့မှာပဲ လုပ်ကြတာပေါ့။ နောက်ပိုင်း ရွာကလူတွေလည်း လက်မခံချင်တော့ဘူးလေ။ သေချာစီစစ်ပေးချင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလကစပြီး သံဖြူဇရပ်မြိုနယ်၊ ကျိုက်ခမီမြို့၊ ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းက ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာမှ ရေလုပ်သား ၅၀ ကျော်တို့လည်း ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံတွင် ဆေးကုသမှုခံနေရသည်။

    စနစ်တကျ ကာကွယ်ကုသမှုမရှိခြင်းကြောင့် ရေလုပ်သားများသာမက ရပ်ရွာပြည်သူတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှော ကူးစက်ခံရမှု ရှိနေသည်ဟု သက်ဆိုင်ရာ နယ်မြေခံ လူမှုကူညီရေးအဖွဲ့တို့မှ သိရသည်။

    မွန်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် အလုပ်လုပ်ကိုင်နေကြသည့် ပင်လယ်ရေလုပ်သားတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှော ကူးစက်ပြန့်ပွားမှု ဖြစ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks