spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းအာဏာသိမ်းကာလ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၆၅ ခုထက်မနည်းရှိ

    အာဏာသိမ်းကာလ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၆၅ ခုထက်မနည်းရှိ

    -

    စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူ ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်သည်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၆၅ ခုအတွင်း အရပ်သား ၁၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး သတ်ဖြတ်မှုများ၏ ၉၂ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်အားလုံး၏ ၅၂ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အများဆုံးဖြစ်သည်ဟုလည်း ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ မှ ၁၇ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံတပ်များက စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ခဲ့သည်။

    စီပါကျေးရွာ အရပ်သား ခြောက်ဦးကို ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခဲ့သလို ရက်ရက်စက်စက် ပုံစံများဖြင့် သေဆုံးနေသည့်အနေအထားများဖြင့် ပြန်တွေ့ခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်အပြင် အခြားလက်နက်ကိုင်တပ်များမှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များလည်း ရှိနေကြောင်း ISP Myanmar က ထောက်ပြထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တမူးမြို့နယ်အတွင်းက သနန်ရွာရှိ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲဴသည်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့က သက်သေအချက်အလက်များနှင့်တကွ နိုင်ငံတကာစစ်ခုံရုံးတွင် တိုင်တန်းနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks